Honor က တရုတ်မှာ စွမ်းရည်သင့် 5G စမတ်ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ Honor X50i+ လို့ အမည်ပေးထားပြီး 6.7” OLED FHD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate နဲ့ 2,000 Nits Brightness ထောက်ပံ့ထားပါတယ်။

Honor X50i Plus

အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 108MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပါတယ်။

Honor X50i+ မှာ Dimensity 6080 Chipset မောင်းနှင်ထားပြီး 12GB LPDDR4x RAM, 8GB Virtual RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ Android 13 အခြေပြု Magic OS မောင်းနှင်ထားပြီး 35W Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါပါတယ်။

HONOR X50i+ release - Dimensity 6080 SoC, 108MP main camera and 90Hz AMOLED from ~RM1033 | TechNave

လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အရွယ်အစား အပြည့်အစုံက 161.05 x 74.55 x 6.78mm ဖြစ်ကာ အလေးချိန်က ၁၆၆ ဂရမ် ဖြစ်ပါတယ်။

12GB RAM+256GB Storage နဲ့ 12GB RAM+512GB Storage ကို ၂၁၉ ဒေါ်လာနဲ့ ၂၄၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Pink , Green နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Honor X50i+ ဟာ 90Hz LCD မျက်နှာပြင်၊ Dimensity 6020 Chip ၊ 50MP ကင်မရာပါတဲ့ OPPO A2 5G ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Ref : gizmochina