Honor X70 တရားဝင်ထွက်ရှိလာပြီး သူ့မှာ အထင်ကြီးစရာကောင်းတဲ့ 8,300mAh ဆီလီကွန်-ကာဗွန် ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ အားသွင်းစနစ်ကတော့ နည်းနည်းလေး ရှုပ်ထွေးနိုင်ပါတယ်။ ဖုန်းမော်ဒယ်အားလုံးမှာ 80W ကြိုးနဲ့ အားသွင်းစနစ် ပါဝင်ပေမယ့် 512GB မော်ဒယ်ကို ရွေးချယ်မယ်ဆိုရင်တော့ 80W ကြိုးမဲ့အားသွင်းစနစ်ကိုပါ သုံးနိုင်မှာ ဖြစ်ပါတယ်။

Honor X70 is official with mammoth 8,300mAh battery

အဲဒီဖုန်းကို အရောင်လေးမျိုးနဲ့ ရွေးချယ်စရာ အမျိုးအစား လေးမျိုး ထုတ်လုပ်ပေးထားပါတယ်။ အရောင်တွေကတော့ Phantom Night Black၊ Bamboo Green၊ Cinnabar Red နဲ့ Moon Shadow White တို့ ဖြစ်ပါတယ်။ ရွေးချယ်စရာတွေကတော့ 8/128GB, 8/256GB, 12/256GB နဲ့ 12/512GB တို့ပဲ ဖြစ်ပါတယ်။

Honor X70 is official with mammoth 8,300mAh battery

X70 ရဲ့ ရှေ့ဘက်မှာ 6.79-inch 1200x2640px 120Hz AMOLED display ကို သုံးထားပြီး အမြင့်ဆုံး တောက်ပမှု 6,000 nits အထိ ရရှိနိုင်ပါတယ်။ ဖုန်းအတွင်းပိုင်းမှာတော့ Snapdragon 6 Gen 4 chipset ကို သုံးထားပြီး Android 15 ကို အခြေခံထားတဲ့ MagicOS 9.0 နဲ့ အလုပ်လုပ်ပါတယ်။

နောက်ကျောဘက်မှာ PDAF နဲ့ OIS ပါဝင်တဲ့ 50MP f/1.9 wide-angle ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မှာတော့ 8MP f/2.0 selfie ကင်မရာတစ်လုံး ပါဝင်ပါတယ်။

Honor X70 ဟာ ကာကွယ်မှုပိုင်းမှာလည်း တော်တော်ကောင်းပါတယ်။ ဖုန်နဲ့ရေဒဏ်ကာကွယ်မှု စံနှုန်းတွေဖြစ်တဲ့ IP66, IP68 နဲ့ IP69 အဆင့်တွေ ပါဝင်ပြီး ၂.၅ မီတာအမြင့်ကနေ ပြုတ်ကျတာကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ထားပါတယ်။ သူ့ရဲ့ tempered glass display ကို တုန်ခါမှုစုပ်ယူပေးတဲ့ အလွှာနှစ်ခုပေါ်မှာ တင်ထားပါတယ်။ ပြီးတော့ အဲဒီအလွှာကို တုန်ခိုက်မှုဒဏ်ခံနိုင်တဲ့ ဘောင်ပေါ်မှာ ထပ်တင်ထားပါတယ်။

ဒါ့အပြင် X70 ဟာ ၈၅ ဒီဂရီ စင်တီဂရိတ်အထိပူတဲ့ ရေဒဏ်၊ ၄ နာရီဆက်တိုက် ဆားငန်ရေဖျန်းတဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိပြီး ၆ မီတာအနက်အထိ ရေစိမ်ခံနိုင်တယ်လို့ Honor ဘက်က အာမခံထားပါတယ်။ Display ကို မိုးသည်းသည်းရွာနေတဲ့အချိန်နဲ့ လက်အိတ်စွပ်ထားတဲ့အချိန်တွေမှာပါ သုံးနိုင်ပါတယ်။ ဖုန်းထဲက ဖုန်နဲ့ရေတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဖုန်းရဲ့ YoYo AI assistant ကိုလည်း ခေါ်ယူအသုံးပြုနိုင်ပါတယ်။

Honor X70 ကို အခု pre-order မှာယူလို့ရနေပြီဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကိုအောက်မှာ ကြည့်နိုင်ပါတယ်။

Ref : gsmarena