Honor ကနေ Budget စမတ်ဖုန်းအသစ်ဖြစ်တဲ့ Honor X7a ကို တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။ Budget ဖုန်းတစ်လုံးဖြစ်ပေမယ့် 90Hz Display ၊​ 6000mAh Battery တွေပါဝင်တဲ့အတွက် စျေးကွက်အတွင်းမှာ အောင်မြင်တဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

အရင်ဆုံး Honor X7a ဖုန်းဟာ ကြီးမားတဲ့ 6.7″ LCD Display ကို အသုံးပြုထားပြီး HD+ Resolution ပါဝင်မှာဖြစ်ပါတယ်။ ဒါကိုမှ 90Hz Refresh Rate ကြောင့် အသုံးပြုတဲ့အချိန်မှာ သာမန်ထက် ပိုမိုချောမွေ့မြန်ဆန်စေမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ MediaTek Helio G37 Chipset ကို အသုံးပြုထားပြီး RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်မံတိုးချဲ့ဖို့အတွက် MicroSD Card Slot ကိုထည့်သွင်းပေးထားပြီး 1TB အထိ တိုးချဲ့နိုင်မယ်လို့ သိရပါတယ်။ ကင်မရာပိုင်းမှာ Quad Camera Setup ကို အသုံးပြုထားပြီး 50MP Main Camera + 8MP Ultrawide + 2MP Macro + 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Front Selfie Camera အတွက် 5MP Sensor ကိုပဲ ထည့်သွင်းပေးထားပါတယ်။

Honor X7a ဟာ ကြီးမားတဲ့ 6000mAh Battery ပါဝင်မှာဖြစ်ပြီး 22.5W Fast Charging ကိုလည်း ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Software ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ Magic UI 6.1 ကို အသုံးပြုထားပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ Bluetooth 5.1 ၊​ USB-C ၊​ 3.5mm Audio Jack တွေအပြင် Side-mounted Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။

Honor X7a ဖုန်းကို Titanium Silver ၊​ Ocean Blue နဲ့ Midnight Black ဆိုပြီး အရောင် ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး တရုတ်ယွမ်ငွေ ၇၉၉ (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China