Honor ကနေ ကင်မရာပိုင်း ဦးစားပေးထားတဲ့ Mid Range ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Honor X7b ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Honor X7b ဖုန်းဟာ အဓိက Feature အနေနဲ့ 108MP Camera ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Honor X7b ဖုန်းရဲ့ Specs တွေအနေနဲ့ Qualcomm Snapdragon 680 Chipset ကို အသုံးပြုထားပြီး RAM 6GB +128GB Storage (သို့မဟုတ်) RAM 8GB + 256GB ဆိုပြီး Option ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာတော့ 6.8″ Full HD+ LCD Display ထည့်သွင်းပေးထားပြီး Refresh Rate အနေနဲ့ 90Hz ကိုပဲ ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Camera ပိုင်းမှာ 108MP Main Camera ကို ထည့်သွင်းထားသလို တခြား Camera တွေအနေနဲ့ 5MP Ultrawide Camera ၊ 2MP Macro Camera Sensor တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ကိုပဲ Punch-hole ပုံစံ ထည့်သွင်းထားပါတယ်။

Honor X7b ရဲ့ အားသာချက်တစ်ခုက Battery ပိုင်းမှာ ကြီးမားတဲ့ 6000mAh Battery ပါဝင်တာပဲဖြစ်ပြီး Honor ဘက်က ပြောကြားချက်အရဆိုရင် ဗီဒီယိုကြည့်ရှုမှုတွေမှာ ၁၈ နာရီ၊ Social Media အသုံးပြုမှုတွေမှာ ၂၄ နာရီနဲ့ သီချင်းနားထောင်မှုတွေမှာ ၆၉ နာရီအထိ အသုံးခံမယ်လို့ သိရပါတယ်။ ပြန်အားသွင်းတဲ့အချိန်မှာတော့ USB-C ကနေတစ်ဆင့် 35W Honor SuperCharge Fast Charging ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။

Honor X7b ဖုန်းဟာ Software ပိုင်းမှာAndroid 13 ကို အခြေခံထားတဲ့ MagicOS 7.2 ကို အသုံးပြုထားမှာဖြစ်ပြီး အရောင်တွေအနေနဲ့ Flowing Silver ၊ Emerald Green နဲ့ Midnight Black ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မှာပါ။ စျေးနှုန်းကတော့ လောလောဆယ်မှာ ၂၄၉ ဒေါ်လာ (မြန်မာငွေ ၉ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena