Honor က X Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး Honor X8 လို့ နာမည်ပေးထားပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံတွေအတွက် အဲဒီ စမတ်ဖုန်းကို ကြေညာလိုက်တာ ဖြစ်ပြီး ဥရောပနဲ့ အာဖရိက အပါအဝင် တခြား နိုင်ငံတွေအတွက် မကြာခင်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Honor X8 goes official with Snapdragon 690 and 64MP camera - GSMArena.com news

Honor X8 ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ၆.၇ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate ပဲ ပါတဲ့အတွက် သင့်တင့်တယ်လို့ပဲ ပြောနိုင်ပြီး Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 690 Chipset မောင်းနှင်ထားပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး 22.5W Fast Charging ထောက်ပံ့ထားပါတယ်။

Honor X8 goes official with Snapdragon 690 and 64MP camera - GSMArena.com news

Honor X8 ရဲ့ အနောက်ဘက်မှာ ပင်မ ကင်မရာ အနေနဲ့ 64MP တပ်ဆင်ထားပြီး 5MP Ultrawide , 2MP Macro , 2MP Depth ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို မျက်နှာပြင်ရဲ့ အထက် အလယ်နားက Punch Hole မှာ ထည့်သွင်းထားပါတယ်။ 4G Snapdragon 690 Chipset ကို 6GB RAM , 128GB Storage တွေနဲ့ တွဲဖက်ထားပြီး Android 11 အခြေပြု Honor Magic UI 4.2 နဲ့ အုပ်ထားပါတယ်။

Honor X8 အတွက် Titanium Silver, Midnight Black နဲ့ Ocean Blue ၃ ရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန် သတင်းအချက်အလက်တွေကို Honor က မကြေညာသေးပါဘူး။

Ref : gsmarena