Honor ရဲ့ X-series ဖုန်းအသစ်ဖြစ်တဲ့ Honor X80i ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ MediaTek ရဲ့ Dimensity 6500 chipset ကို ကမ္ဘာမှာ ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းဖြစ်လာပြီး CPU ရှစ်လုံးပါဝင်တာကြောင့် လုပ်ဆောင်ချက်တွေ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

Honor X80i arrives with Dimensity 6500 and 7,000mAh battery

မျက်နှာပြင်ပိုင်းမှာတော့ ၆.၆ လက်မရှိတဲ့ 1200×2600 AMOLED display ကို သုံးထားပြီး 120Hz refresh rate ပါဝင်ပါတယ်။ Peak Brightness က 6,500 nits အထိ ရှိတာကြောင့် နေရောင်အောက်မှာတောင် ရုပ်ထွက်ကို အကောင်းဆုံး မြင်တွေ့ရမှာ ဖြစ်သလို ရေစိုဖုန်စုပ်ဒဏ် ခံနိုင်တဲ့ IP66 အဆင့်လည်း ရရှိထားပါတယ်။ အနောက်ဘက်မှာ 50MP Main ကင်မရာနဲ့ နောက်ထပ်ကင်မရာ အပိုတစ်လုံး ပါပါတယ်။

Honor X80i arrives with Dimensity 6500 and 7,000mAh battery

အဓိက ထူးခြားချက်ကတော့ 7,000mAh အထိရှိတဲ့ ဘက်ထရီအကြီးစားကို အသုံးပြုထားတာဖြစ်ပြီး ဗီဒီယိုတွေကို ၂၂ နာရီကြာအောင် ဆက်တိုက်ကြည့်ရှုနိုင်ပါတယ်။ အားသွင်းစနစ်အတွက် 45W အားအမြန်သွင်းစနစ် ပါဝင်ပြီး Software ပိုင်းမှာတော့ Android 16 ကို အခြေခံထားတဲ့ MagicOS 10 နဲ့ Honor ရဲ့ AI နည်းပညာတွေ ပါဝင်လာပါတယ်။

Honor X80i ကို အနက်၊ အစိမ်း၊ ပန်းရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင်လေးမျိုး ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ တရုတ်ယွမ် ၁,၉၉၉ (ခန့်မှန်းခြေ ဒေါ်လာ ၂၉၀) ကနေ စတင်ရောင်းချမှာဖြစ်ပြီး လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ စတင်ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

Ref : gsmarena