Honor က တရားဝင် မိတ်ဆက်ပွဲ မလုပ်ဘဲ ကုမ္ပဏီရဲ့ ဆော်ဒီအာရေးဗီးယား ဝက်ဘ်ဆိုက်မှာ နောက်ဆုံးထုတ် စွမ်းဆောင်ရည်သင့် Honor X9b ကို စာရင်းတင်ထားပါတယ်။ Honor X9b ဟာ ဇန်နဝါရီလက ကြေညာခဲ့တဲ့ Honor X9a ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး အဖက်ဖက်က တိုးတက်လာပါတယ်။

Honor X9b quietly announced

Honor X9b မှာ 6.78” AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 1200×2652 px Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 6 Gen 1 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။

Honor X9b quietly announced

အနောက်ဘက်မှာ 108MP Main , 5MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး အရှေ့ဘက်က Punch Hole မှာ 16MP ကင်မရာ ထည့်သွင်းထားပါတယ်။ Android 13 အခြေပြု MagicOS 7.2 မောင်းနှင်ထားပြီး 35W Charging ထောက်ပံ့တဲ့ 5,800mAh Battery ပါပါတယ်။

Honor X9b အတွက် Sunrise Orange , Midnight Black နဲ့ Emerald Green အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena