Apple iPhone တွေဟာ Software ပိုင်းမှာ Android ဖုန်းတွေထက်ပိုပြီး ကောင်းမွန်သလို Update ပိုင်းမှာလည်း နှစ်တွေပိုပြီး ရေရှည် Support ပေးနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း iPhone တွေဟာလည်း Application တွေအများအပြားထည့်သွင်းထားတာပြီး ပုံမှန် သန့်ရှင်းရေးပြုလုပ်တာမျိုးမရှိဘူးဆိုရင် နှေးကွေးလာတတ်ပါတယ်။

အဲ့ဒါကြောင့် အခု Article မှာ Apple iPhone တွေကို အသုံးပြုနေပြီး အသုံးပြုရတာ နှေးကွေးတယ်လို့ ခံစားနေရတယ်ဆိုရင် ဆောင်ရွက်နိုင်တဲ့အချက်အချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးပြုလုပ်သင့်တဲ့အချက်ကတော့ iPhone တွေရဲ့ Browser Cache ကို ရှင်းလင်းရမှာဖြစ်ပါတယ်။

အခုလိုမျိုး ပြုလုပ်ဖို့အတွက် Setting App ထဲကိုဝင်ရောက်ပြီး Safari ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ “Clear History and Website Data” ကို နှိပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အခုလိုမျိုး Safari ရဲ့ History နဲ့ Website Data တွေကို ရှင်းလင်းလိုက်တာက History ၊ Cookie နဲ့ တခြားသော Website တွေမှာ မှတ်ထားတဲ့ Information တွေကိုပါ ဖျက်ပစ်မှာဖြစ်တဲ့အတွက် ဒီအချက်ကိုတော့ သတိထားဖို့လိုအပ်မှာပါ။

နောက်ထပ်ပြုလုပ်နိုင်တဲ့အချက်ကတော့ Application တွေရဲ့ Cache Data ကို Offload ပြုလုပ်တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး Offload ပြုလုပ်တာက အသုံးမပြုဖြစ်တဲ့ App တွေက iPhone Storage ကို စားသုံးနေတာကို လျော့ချပေးနိုင်သလို User Data ကိုလည်း သိမ်းဆည်းထားနိုင်တာကြောင့် ပြန်လည်အသုံးပြုတဲ့အချိန်မှာ အလွယ်တကူပြန်လည်အသုံးပြုနိုင်မှာပါ။

အခုလိုမျိုး Application တွေရဲ့ Cache Data ကို Offload ဖို့အတွက်ကတော့ အရင်ဆုံး Settings ကနေတစ်ဆင့် iPhone Storage ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Cache ကို Clear လုပ်ချင်တဲ့ App ကို ရွေးချယ်ပြီး Offload App ကို နှိပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ Offload ပြုလုပ်ပြီးတဲ့အချိန်မှာ App ကို ဖျက်လိုက်ပေမယ့် User Data တွေကျန်နေမှာဖြစ်တာကြောင့် လိုအပ်တဲ့အချိန်မှာ အလွယ်တကူပြန်လည် Install ပြုလုပ်နိုင်ပါတယ်။

Ref – Laptop Mag