Twitter ဟာ လက်ရှိအချိန်မှာ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်နေပြီး တချို့ကလည်း Twitter App က မကြာခင်မှာ ရပ်ဆိုင်းသွားနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ ဒါကြောင့် ကိုယ့် Twitter Account မှာ အရေးကြီး Data တွေရှိတယ်ဆိုရင် Download ပြုလုပ်ထားနိုင်ပါတယ်။

အရင်ဆုံးအနေနဲ့ Twitter ကနေ Download ပြုလုပ်နေတဲ့ Data တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Profile Information
  • Tweet History
  • Direct Messages
  • Moments
  • Media
  • List of Your Followers
  • List of Accounts You’re Following
  • Address Book
  • Lists You’ve Created or Follow
  • Interest and Demographic Information
  • Info on Ads You’ve Engaged with

အထက်ပါ ကိုယ့် Twitter Account မှာရှိတဲ့ History တွေနဲ့ Data တွေကို Download ပြုလုပ်ပြီး သိမ်းထားချင်တယ်ဆိုရင် အောက်ပါအဆင့်အတိုင်းပြုလုပ်နိုင်ပါတယ်။

  • Twitter App အတွင်းဝင်ရောက်ပြီး Profile ဓါတ်ပုံကို နှိပ်ပါ
  • Settings & Support အတွင်းဝင်ရောက်ပြီး Settings and Privacy ကို ရွေးချယ်ပါ
  • Your Account ကိုဝင်ရောက်ပြီး “Download an archive of your data” ကို ရွေးချယ်ပါ
  • Twitter Password နဲ့ ဝင်ရောက်ပြီး Email သို့မဟုတ် Text Message Verification ပြုလုပ်ပြီး Data တွေကို Download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

အခုလို Download ပြုလုပ်တဲ့အချိန်မှာ ကိုယ့် Twitter Account မှာရှိတဲ့ Data အရေအတွက်ပေါ်မှုတည်ပြီး အချိန်အားဖြင့် ၂၄ နာရီအထိ ကြာမြင့်နိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ File ကို Zip File Format အနေဖြင့် ရရှိမှာဖြစ်ပါတယ်။

Ref – 9to5Google