Facebook ဟာ သူငယ်ချင်း၊ မိသားစု၊ အစုအဖွဲ့ စတာတွေနဲ့ ချိတ်ဆက်ပေးတဲ့ လူမှုမီဒီယာ ပလက်ဖောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ မိတ်ဆွေတွေဟာ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာတွေ တင်တတ်ကြပါတယ်။ Facebook မှာ စိတ်အနှောင့်အယှက်ဖြစ်စေသူတွေကို Unfriend လုပ်နိုင်သလို Mute လည်း လုပ်နိုင်ပါတယ်။

Unfriend လုပ်ခြင်းဟာ အမြဲတမ်းလိုလို ရွေးချယ်စရာတော့မဟုတ်ပါဘူး။ အဲဒီအစား သူတို့ရဲ့ ပို့စ်တွေကို Mute လုပ်ပစ်လိုက်နိုင်ပါတယ်။ Mute လုပ်လိုက်ရင် သူတင်တဲ့ Post တွေကို News feed မှာ တွေ့ရတော့မှာ မဟုတ်ပါဘူး။ အလားတူပဲ သူတို့ရဲ့ Post တွေနဲ့ပတ်သက်တဲ့ Notifications တွေလည်း လက်ခံရရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ခေတ္တခဏတော့ စိတ်အနှောင့်အယှက်ကင်းသွားမှာ ဖြစ်ပါတယ်။

Mute လုပ်ရာမှာ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ရက် ၃၀ ကြာ Snooze လုပ်တာပါ။ နောက်တစ်နည်းကတော့ Unfollow လုပ်တာပါ။ အကယ်၍ တစ်စုံတစ်ယောက်ကို Mute လုပ်ချင်တယ်ဆိုရင်တော့-

၁။ Mute လုပ်ချင်တဲ့သူရဲ့အကောင့်က တင်တဲ့ပို့စ်ကိုရှာပြီး ပို့စ်ရဲ့ အပေါ်ညာဘက်က အစက်လေးသုံးစက်ကို နှိပ်လိုက်ပါ။
၂။ ကျလာတဲ့ Box လေးထဲမှာ နာရီပုံစံလေးနဲ့ Snooze for 30 days ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ယာယီအားဖြင့် ပို့စ်တွေကို မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။
၃။ ဒီလိုမှမဟုတ်ရင်လည်း snooze အောက်မှာဖော်ပြထားတဲ့ Unfollow ကို ရွေးချယ်နိုင်ပါတယ်။

အကယ်၍ Unmute လုပ်ချင်တယ်ဆိုရင်တော့ –

၁။ အပေါ်ညာဘက်ထောင့်က Profile picture ကိုနှိပ်ပြီး Settings & Privacy ကို သွားပါ။
၂။ Feed ကိုနှိပ်ပြီး Snooze ကို ရွေးပါ။ အဲဒီမှာ သင် Snooze လုပ်ထားတဲ့သူတွေကို တွေ့ပါလိမ့်မယ်။
၃။ ကိုယ် Unmute လုပ်ချင်တဲ့သူရဲ့ Profile ဘေးက အပြာရောင် Snooze icon လေးကိုနှိပ်ပြီး Unmute ပြုလုပ်နိုင်ပါတယ်။

Ref: Android Police