သင် Android ဖုန်း အသစ် ဝယ်လိုက်ရင် ဖုန်း အဟောင်းက App နဲ့ Game တွေကို ဖုန်း အသစ်မှာ ထည့်သွင်းချင်မှာ သေချာပါတယ်။ ဖုန်း အသစ်ကို Setup လုပ်ချိန်မှာ ဖုန်းအဟောင်းက App နဲ့ Game တွေကို ဖုန်း အသစ်မှာ အင်စတောလုပ်မလားလို့ မေးမှာပါ။ (သင့် Google အကောင့်နဲ့ Sync လုပ်ခြင်းဖြင့် ဒီလို ပြုလုပ်ပေးတာပါ။) ဒီနည်းလမ်းက ထုတ်လုပ်တဲ့ ကုမ္ပဏီ တူတဲ့ ဖုန်း အဟောင်းကနေ ဖုန်း အသစ်ကို ပြောင်းကိုင်ရင် တော်တော် အသုံးဝင်ပေမယ့် လိုအပ်ချက်တွေ ရှိနေပါတယ်။ သဘောက ဖုန်း အဟောင်းက App နဲ့ Game အားလုံးကို ဖုန်း အသစ်မှာ မထည့်သွင်းပေးနိုင်ပါဘူး။ ဒါပေမယ့် စိတ်ပူစရာ မလိုပါဘူး။ Google Play Store မှာ သင် အင်စတောလုပ်ထားတဲ့ အရာအားလုံးကို မှတ်တမ်းတင်ထားပါတယ်။

သင့် Android ဖုန်း ၊ တက်ဘလက် အသစ်က Google Play Store ကို ဖွင့်ပါ။ ညာဘက်ထိပ်က သင့် ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ။

Select your profile photo in the search bar.

“My Apps & Games” ထဲသွားပါ။

Select "Apps & Games."

ပြီးရင် “Updates” Tab ကို ရောက်သွားမှာဖြစ်ပြီး “Library” Tab ထဲသွားပါ။

Select the "Library" tab.

အဲဒီမှာ သင် အင်စတောလုပ်ထားတဲ့ App နဲ့ Game အားလုံးကို ပြသထားပါတယ်။ “Recent” သို့မဟုတ် “Alphabetical” အလိုက် Sort လုပ်နိုင်ပါတယ်။

Sort the list of apps.

သင် ဖုန်း အသစ်မှာ အင်စတောလုပ်ချင်တဲ့ App နဲ့ Game တွေတွေ့ရင် ညာဘက်က “Install” ခလုတ်ကို နှိပ်ပါ။

Tap the "Install" button.

သင့် ဖုန်း အသစ်နဲ့ Compatible မဖြစ်တဲ့ App နဲ့ Game တွေမှာ “Install” ခလုတ်ကို မမြင်ရဘဲ ကြက်ခြေခတ်ပဲ မြင်ရမှာပါ။

Apps that aren't compatible.

သင့် အကောင့်မှာ မပြသပေးစေချင်တဲ့၊ သင် မနှစ်သက်တဲ့ App နဲ့ Game တွေကို တွေ့ရင် အဲဒီ ကြက်ခြေခတ် ခလုတ်ကို နှိပ်နိုင်ပါတယ်။

Ref : howtogeek