Apple ဟာ Watch Series 4 ကနေစပြီး Fall Detection လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ Apple Watch ဝတ်ဆင်ထားသူဟာ ချော်လဲပြီး အချိန်အတိုင်းအတာ ၁ ခုအတွင်း မထနိုင်တော့ရင်၊ သတိမေ့သွားရင် မိသားစုဝင်တွေကို အသိပေးနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါဟာ အသက်ကယ်ပေးနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး အသုံးပြုနည်းကို ပြောပြချင်ပါတယ်။

Set up Fall Detection on Apple Watch

Apple Watch သို့မဟုတ် Apple Health ကို Set Up လုပ်တဲ့အချိန်မှာ အသက်က ၆၅ နှစ်ကျော် ဖြစ်နေရင် Fall Detection ကို အလိုလို Enable လုပ်ပေးမှာပါ။ အသက် ၆၅ နှစ်အောက်ဆိုရင်တော့ အောက်ပါ နည်းအတိုင်း Enable လုပ်နိုင်ပါတယ်။

How to use Fall Detection on Apple Watch

Fall Detection ကို Enable ပြုလုပ်နည်း

၁။ iPhone မှာ Apple Watch App ကို ဖွင့်ပြီး My Watch Tab ကို နှိပ်ပါ။

၂။ Emergency SOS ကို နှိပ်ပါ။

၃။ အောက်ခြေကို ဆင်းပြီး Fall Detection ကို Enable လုပ်ပါ။

Fall Detection အလုပ်လုပ်ပုံ

Fall Detection ကို Enable လုပ်ထားရင် စမတ်နာရီက အမြင့်က ပြုတ်ကျတာ၊ ချော်လဲတာကို အာရုံခံနိုင်ပြီး အနီးအနားက လူတွေကြားအောင် Alarm ပေးနိုင်ပါတယ်။ အဲဒီနောက်မှာ သင်က မိသားစုဝင်တွေ၊ အရေးပေါ် ကျန်းမာရေး ဆေးခန်းတွေကို ဆက်သွယ်နိုင်ပါတယ်။

၁ မိနစ်ကြာလို့ သင် သတိမရတော့ရင် စမတ်နာရီက မိသားစုဝင်တွေနဲ့ အရေးပေါ် ကျန်းမာရေး ဆေးခန်းတွေကို အလိုလို ဆက်သွယ်ပေးနိုင်ပါတယ်။ သင့်ရဲ့ Medical ID နဲ့ တည်နေရာကိုပါ သတင်းပေးပို့ပေးမှာ ဖြစ်ပါတယ်။

Ref : wearables.com