HP က Chromebook x2 11 ကို ကြေညာလိုက်ပြီး Laptop လိုရော Tablet လိုပါ သုံးနိုင်တဲ့ PC ဖြစ်ပါတယ်။ Snapdragon 7c မောင်းနှင်ထားပြီး  ကြိုးမဲ့ အားသွင်းနိုင်တဲ့ USI-certified ဒစ်ဂျစ်တယ် ဘောပင် ပါပါတယ်။ ဒီလို အားသွင်းဖို့အတွက် ဘောပင်ကို Chromebook x2 11 ရဲ့ ညာဘက်ဘေးမှာ စိုက်ထားရမှာပါ။ PC မှာ ၁၁ လက်မ IPS 2K (2160×1440) မျက်နှာပြင် ထည့်သွင်းထားပြီး 44 nits Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass 4 နဲ့ ကာကွယ်ထားပါတယ်။

HP Chromebook x2 11

8GB LPDDR4x RAM ပါလာပြီး 12GB eMMC Storage အထိ ရွေးချယ်နိုင်ပါတယ်။ 32W 2-cell Battery တပ်ဆင်ထားပြီး ၁၁ နာရီလောက် အသုံးခံပါတယ်။ 45W Charger က ၄၅ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Chromebook x2 11 မှာ 5MP အရှေ့ ကင်မရာနဲ့ 8MP အနောက်ကင်မရာ တပ်ဆင်ထားပြီး Dual Array Microphone ပါလာပါတယ်။ WiFi 5 , Bluetooth 5.0 , USB-C Port ၂ ခု , microSD Card Slot ၁ ခု နဲ့ nano-SIM Slot ၁ ခု ထည့်သွင်းထားပါတယ်။

HP Chromebook x2 11

Trackpad ပါတဲ့ Full-sized Keyboard ပါလာပြီး Chromebook x2 11 ရဲ့ အောက်ခြေမှာ တပ်ဆင်နိုင်ပါတယ်။ ၁၇၀ ဒီဂရီ အထိ ခေါက်ချိုးနိုင်တဲ့ Kickstand ကို အနောက်ဘက်မှာ ထည့်သွင်းထားပြီး ဒစ်ဂျစ်တယ် ဘောပင် အပါ တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းက ၅၉၉ ဒေါ်လာ ဖြစ်ပါတယ်။ မြန်မာငွေ ၉ သိန်း ၈ သောင်းလောက် ကျသင့်ပါတယ်။ LTE Version တွေအတွက် 4GB RAM + 64GB Storage နဲ့ 8GB RAM + 128GB Storage တွေ ထုတ်လုပ်ထားပြီး WiFi Only Version အတွက် 8GB RAM + 64GB Storage ကို ရွေးချယ်နိုင်ပါတယ်။ Night Teal နဲ့ Shade Gray ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။

Ref : gizmochina