HTC ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက Desire 20 Pro နဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ HTC U20 5G ဖုန်းတွေကို ထိုင်ဝမ်နိုင်ငံအတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Desire 20 Pro စမတ်ဖုန်းကို Europe Region မှာပါ ရောင်းချခဲ့တာဖြစ်ပါတယ်။

အခုလည်း HTC ကနေ နောက်ထပ် Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ HTC Desire 20+ စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Snapdragon 720G Chipset ကို အသုံးပြုထားပြီး Mid Range စျေးကွက်အတွက် ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။

HTC Desire 20+ စမတ်ဖုန်းက 6.5″ IPS LCD Display ကို အသုံးပြုထားမှာဖြစ်ပြီး Resolution အနေနဲ့ကတေ့ာ 720 x 1600 HD+ Resolution ပဲရှိမှာဖြစ်ပါတယ်။ Performance အနေနဲ့ကတော့ Qualcomm Snapdragon 720G ကိုမှ RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်တယ်လို့ သိရပြီး Storage ထပ်တိုးဖို့အတွက်က MicroSD Card Slot လည်းပါဝင်ဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Quad Camera Setup ကိုအသုံးပြုထားပြီး 48MP Primary Sensor ၊ 5MP Ultrawide ၊ 2MP Macro နဲ့ 5MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Fingerprint Sensor ကို ဖုန်းရဲ့ နောက်ကျောဘက်မှာ တပ်ဆင်ပေးထားသလို Selfie Camera ကိုလည်း 16MP Sensor ကိုမှ Waterdrop Notch Design ပဲ ပြုလုပ်ထားတာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ကိုမှ Quick Charge 4.0 Rapid Charging နည်းပညာပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ TWD 8,490 (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Dawn Orange နဲ့ Twilight Black ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာပါ။ လောလောဆယ်မှာတော့ ထိုင်ဝမ်စျေးကွက်မှာပဲ ရောင်းချသွားဦးမှာဖြစ်ပြီး ကျန်တဲ့စျေးကွက်တွေမှာတော့ ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref – Gizmo China