HTC ဟာ စမတ်ဖုန်းလောကမှာ ယခင်ကလောက် အောင်မြင်မှုမရတော့ဘူးဆိုပေမယ့် စမတ်ဖုန်းတွေကိုတော့ ဆက်လက်မိတ်ဆက်နေဆဲဖြစ်ပါတယ်။ အခုလည်း Taiwan စျေးကွက်အတွက် နောက်ထပ် 5G Support ပါဝင်တဲ့ Mid Range စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါ စမတ်ဖုန်းကိုတော့ HTC Desire 21 Pro 5G လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ Display အနေနဲ့ 6.7″ Full HD+ IPS LCD Display ကို အသုံးပြုထားပြီး 90Hz Refresh Rate အပြင် HDR10 ကိုလည်း Support ပေးနိုင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Qualcomm Snapdragon 690 Chipset ကို အသုံးပြုထားပြီး RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage ကို ထပ်မံတိုးချဲ့ချင်တယ်ဆိုရင်လည်း MicroSD Card ကနေတစ်ဆင့် တိုးချဲ့နိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းမှာတော့ 48MP Primary ၊ 8MP Ultrawide ၊ 2MP Depth နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Quad Camera Setup ကို ထည့်သွင်းထားပါတယ်။ Selfie Camera ကို 16MP Sensor အသုံးပြုထားပြီး Punch-hole Design ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 11 အစား Android 10 OS ကိုပဲ အသုံးပြုထားတုန်းလို့ သိရပါတယ်။ Fingerprint Sensor ကိုတော့ Side-mounted အနေနဲ့ထည့်သွင်းပေးထားပါတယ်။

HTC Desire 21 Pro 5G စမတ်ဖုန်းဟာ အရောင်အနေနဲ့ Blue နဲ့ Purple ဆိုပြီး ထွက်ရှိလာမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ TWD 11,990 (မြန်မာငွေ ၅ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena