HTC ဟာ သူ့ရဲ့ တည်ရှိနေမှုကို Flagship စမတ်ဖုန်းသစ်နဲ့ သက်သေပြချင်နေပါတယ်။ HTC ဟာ စမတ်ဖုန်းလောကကို လက်မြှောက်အရှုံးမပေးသေးဘူးဆိုတဲ့အကြောင်း ထုတ်ကုန်သစ်တွေနဲ့အတူ သတင်းစကားပါးချင်နေပါတယ်။ ဒါကြောင့် မကြာခင်မှာ အဆင့်မြင့် စမတ်ဖုန်းတစ်မျိုးကို မြင်တွေ့ရမယ်လို့ ယုံကြည်ရပါတယ်။

ကုမ္ပဏီရဲ့ တရားဝင်ကြေညာမှုအရ လာမဲ့ ဇွန်လ ၂၈ ရက်နေ့မှာ မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ကျင်းပမှာဖြစ်ပြီး ဒီပွဲမှာ HTC ရဲ့ ဖုန်းအသစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ မကြာသေးခင်က ကောလာဟလတွေထွက်ပေါ်ခဲ့တဲ့ Metaverse platform Viveverse ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Viveverse ဟာ VR နဲ့ AR တို့ရဲ့ နက်ရှိုင်းတဲ့ပေါင်းစပ်မှုကို အာရုံစိုက်မယ်လို့လည်း သိရပါတယ်။ ကနဦးသတင်းထွက်ထားတာက ဧပြီလမှာ မိတ်ဆက်မယ်လို့ဆိုပေမဲ့ ထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေကြောင့် နှောင့်နှေးခဲ့ရပြီး အခုလ ၂၈ ရက်နေ့မှာ မြင်တွေ့ရဖွယ်ရှိနေတာပါ။

Vive Flow VR headset နဲ့ ပေါင်းစပ်ပါဝင်မှာဖြစ်သလို Augmented reality app ပံ့ပိုးမှုပါရှိနိုင်တယ်ဆိုတာကလွဲပြီး ဒီဖုန်းနဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကို မသိရသေးပါဘူး။ HTC ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်အတွက် Taiwan Mobile, Chaunghwa Telecom, FarEasTone စတာတွေနဲ့ ပူးပေါင်းထားတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena