[Unicode]

ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီ HTC ဟာ Gionee နဲ့ Meizu တို့ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ တိကျတဲ့အင်တင်နာဖွဲ့စည်းပုံပါတဲ့ကိုယ်ထည်နဲ့မိုလ်ဘိုင်းအယူအဆကို မူပိုင်ခွင့်ချိုးဖောက်တယ်လို့ HTC က စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

HTC ဟာ သတ္တုထည်ကြောင့် ဖြစ်လာတဲ့ အားနည်းတဲ့ဓါတ်ရောင်ခြည်အချက်ပြမှုပိုင်းဆိုင်ရာ နည်းပညာပြဿနာကို ဖြေရှင်းဖို့နဲ့ သတ္တုထည်နဲ့ပေါင်းစပ်နိုင်တဲ့ Antenna ဖွဲ့စည်းပုံဒီဇိုင်းကို တီထွင်ထားတာလို့ သိရပါတယ်။ Gionee M6 ဟာ သူတို့ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ထားတယ်လို့ HTC က အခိုင်အမာ စွပ်စွဲထားတာပါ။

Meizu ကတော့ M5 Note မှာ HTC ရဲ့ မူပိုင်ခွင့်ကို ငြိစွန်းခဲ့တာလို့ သိရပါတယ်။ ပေကျင်းရဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာတရားရုံးကတော့ Meizu နဲ့ Gionee တို့ဟာ မူပိုင်ခွင့်ကို အမှန်တကယ်ချိုးဖောက်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် Meizu ရော Gionee ကိုပါ HTC ကို လျော်ကြေးပေးဖို့ ချမှတ်ခဲ့ပါတယ်။

M6 မိုလ်ဘိုင်းဖုန်းဟာ “mobile device” No.201310032515.5 ရဲ့ တီထွင်မှုမူပိုင်ခွင့်ကိုချိုးဖောက်ခဲ့တာကြောင့် စီးပွားရေ:အရဆုံးရှုံးမှုနဲ့ အခြားကုန်ကျစရိတ်တွေအတွက် လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ HTC ဟာ Meizu ဆီကနေ လျော်ကြေးအဖြစ် ယွမ်သန်း ၃၀ တောင်းဆိုခဲ့ပြီး Gionee ဆီကနေ ယွမ် ၂၄ သန်းအပြင် ယာယီကာကွယ်မှုကာလတွက် ယွမ် ၁.၆ သန်းတောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် တရားရုံးရဲ့ နောက်ဆုံးအပြီးသတ်အမိန့်ချမှတ်မှုအရ Meizu က ယွမ် ၃ သန်းကိုသာ လျော်ကြေးအဖြစ်ပေးခဲ့ရပြီး Gionee ကတော့ ယွမ် ၂.၆ သန်းပေးခဲ့ရပါတယ်။ ဒီပမာဏနှစ်မျိုးဟာ စီးပွားရေးအရ ဆုံးရှုံးမှုအတွက် သီးသန့်ပေးရတာဖြစ်ပြီး တရားရင်ဆိုင်မှုအတွက် ရှေ့နေခတွေပါ ထည့်သွင်းလိုက်ရင်တော့ စုစုပေါင်းလျော်ကြေးငွေ ၆.၅ သန်းကို HTC က ရရှိခဲ့တာ ဖြစ်ပါတယ်။

Ref: Gizochina

[Zawgyi]

Meizu နဲ႔ Gionee တို႔ကို မူပိုင္ခြင့္ခ်ိဳးေဖာက္မႈအရတရားစြဲခဲ့ၿပီး ေလ်ာ္ေၾကး ယြမ္ေငြ ၆.၅ သန္း ရခဲ့တဲ့ HTC

ထိုင္ဝမ္အေျခစိုက္ ကုမၸဏီ HTC ဟာ Gionee နဲ႔ Meizu တို႔ကို မူပိုင္ခြင့္ခ်ိဳးေဖာက္မႈနဲ႔ တရားစြဲဆိုလိုက္ပါတယ္။ တိက်တဲ့အင္တင္နာဖြဲ႕စည္းပုံပါတဲ့ကိုယ္ထည္နဲ႔မိုလ္ဘိုင္းအယူအဆကို မူပိုင္ခြင့္ခ်ိဳးေဖာက္တယ္လို႔ HTC က စြဲခ်က္တင္လိုက္တာ ျဖစ္ပါတယ္။

HTC ဟာ သတၱဳထည္ေၾကာင့္ ျဖစ္လာတဲ့ အားနည္းတဲ့ဓါတ္ေရာင္ျခည္အခ်က္ခ်က္ျပမႈပိုင္းဆိုင္ရာ နည္းပညာျပႆနာကို ေျဖရွင္းဖို႔နဲ႔ သတၱဳထည္နဲ႔ေပါင္းစပ္ႏိုင္တဲ့ Antenna ဖြဲ႕စည္းပုံဒီဇိုင္းကို တီထြင္ထားတာလို႔ သိရပါတယ္။ Gionee M6 ဟာ သူတို႔ရဲ႕ မူပိုင္ခြင့္ကို ခ်ိဳးေဖာက္ထားတယ္လို႔ HTC က အခိုင္အမာ စြပ္စြဲထားတာပါ။

Meizu ကေတာ့ M5 Note မွာ HTC ရဲ႕ မူပိုင္ခြင့္ကို ၿငိစြန္းခဲ့တာလို႔ သိရပါတယ္။ ေပက်င္းရဲ႕ ဉာဏမူပိုင္ခြင့္ဆိုင္ရာတရား႐ုံးကေတာ့ Meizu နဲ႔ Gionee တို႔ဟာ မူပိုင္ခြင့္ကို အမွန္တကယ္ခ်ိဳးေဖာက္တယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ဒါေၾကာင့္ Meizu ေရာ Gionee ကိုပါ HTC ကို ေလ်ာ္ေၾကးေပးဖို႔ ခ်မွတ္ခဲ့ပါတယ္။

M6 မိုလ္ဘိုင္းဖုန္းဟာ “mobile device” No.201310032515.5 ရဲ႕ တီထြင္မႈမူပိုင္ခြင့္ကိုခ်ိဳးေဖာက္ခဲ့တာေၾကာင့္ စီးပြားေရ:အရဆုံးရႈံးမႈနဲ႔ အျခားကုန္က်စရိတ္ေတြအတြက္ ေလ်ာ္ေၾကးေပးဖို႔ အမိန႔္ခ်မွတ္ခံခဲ့ရပါတယ္။ HTC ဟာ Meizu ဆီကေန ေလ်ာ္ေၾကးအျဖစ္ ယြမ္သန္း ၃၀ ေတာင္းဆိုခဲ့ၿပီး Gionee ဆီကေန ယြမ္ ၂၄ သန္းအျပင္ ယာယီကာကြယ္မႈကာလတြက္ ယြမ္ ၁.၆ သန္းေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္ တရား႐ုံးရဲ႕ ေနာက္ဆုံးအၿပီးသတ္အမိန႔္ခ်မွတ္မႈအရ Meizu ယြမ္ ၃ သန္းကိုသာ ေလ်ာ္ေၾကးအျဖစ္ေပးခဲ့ရၿပီး Gionee ကေတာ့ ယြမ္ ၂.၆ သန္းေပးခဲ့ရပါတယ္။ ဒီပမာဏႏွစ္မ်ိဳးဟာ စီးပြားေရးအရ ဆုံးရႈံးမႈအတြက္ သီးသန႔္ေပးရတာျဖစ္ၿပီး တရားရင္ဆိုင္မႈအတြက္ ေရွ႕ေနခေတြပါ ထည့္သြင္းလိုက္ရင္ေတာ့ စုစုေပါင္းေလ်ာ္ေၾကးေငြ ၆.၅ သန္းကို HTC က ရရွိခဲ့တာ ျဖစ္ပါတယ္။

Ref: Gizochina