National Certification Corporation (NCC) ဟာ အမေရိကန် နိုင်ငံကို တင်သွင်းတဲ့ ထုတ်ကုန် စာရင်းကို မှတ်တမ်းတင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး အဲဒီဝက်ဘ်ဆိုက်မှာ နောက်ထွက်မယ့် ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်များစွာကို စာရင်းပြုစုထားပါတယ်။ အခုတော့ အဲဒီမှာ 480mAh ဘက်ထရီနဲ့ USB-C Charging Port ပါတဲ့ HTC ရဲ့ TWS နားကြပ် ၁ ခုကိုတွေ့လာရပါတယ်။

စာရင်းအရ အဲဒီကြိုးမဲ့နားကြပ်ကို HTC TWS1 လို့ နာမည်ပေးထားနိုင်ပါတယ်။ Charging Case မှာ 400mAh ဘက်ထရီ ၁ ခုနဲ့ နားကြပ်တစ်ဖက်စီမှာ 40mAh ဘက်ထရီ ၁ ခုစီ ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။ နားကြပ်ရဲ့ ဓါတ်ပုံတွေကို ကြည့်ရတာတော့ အပြင်ဘက်ပိုင်းမှာ Touch Controls တချို့ကို အသုံးပြုနိုင်မယ်လို့ ထင်ရပြီး LED Light ပါလာနိုင်သလို ဒါဟာ အပြင်ဘက် မိုက်ကရိုဖုန်း အတွက် သေးငယ်တဲ့ အပေါက်လည်း ဖြစ်နိုင်ပါတယ်။

HTC ဟာ TWS1 အတွက် အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားမှာ သေချာပြီး မသေချာသေးတာက ကြိုးမဲ့အားသွင်းနည်းပညာ ပါသလားဆိုတာ ပါပဲ။ ဒါပေမယ့် ဘက်ထရီဟာ အရွယ်အစား သေးငယ်တဲ့အတွက် ၁ နာရီအတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်မယ်လို့ ထင်ပါတယ်။

စမတ်ဖုန်း ကုမ္ပဏီများစွာဟာ  ကြိုးမဲ့ နားကြပ်တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြတဲ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာပါပြီ။ ကြိုးမဲ့ နားကြပ် ဈေးကွက်ဟာလည်း ခိုင်ခိုင်မာမာ တည်ရှိနေပြီ ဖြစ်ပါတယ်။

Ref : gsmarena