HTC က ထိုင်ဝမ်မှာ U24 Pro ကို ကြေညာလိုက်ပြီး အခြေခံမော်ဒယ်ကို ၅၈၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီဖုန်းမှာ 120Hz OLED Display , Snapdragon 7 Series Chipset , 50MP ကင်မရာ , ကြိုးမဲ့အားသွင်း စနစ်တွေ ပါလာပါတယ်။

HTC U24 Pro

HTC U24 Pro မှာ 6.8” OLED Curved Display တပ်ဆင်ထားပြီး FHD+ Resolution , 120Hz Adaptive Refresh Rate နဲ့ Corning Gorilla Glass တွေ ထောက်ပံ့ထားပါတယ်။

HTC U24 Pro

အရှေ့ဘက်မှာ 50MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main (OIS)  , 8MP Ultrawide , 50MP Telephoto ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ကင်မရာမှာ AI Feature တွေ ထည့်သွင်းထားပါတယ်။

HTC U24 Pro မှာ Snapdragon 7 Gen 3 Chipset မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 256/512GB UFS 3.1 Storage ပါပါတယ်။ 60W Fast Charging , 15W Wireless , 5W Reverse Wireless Charging  ထောက်ပံ့တဲ့ 4,600mAh Battery ပါလာပြီး Android 14 မောင်းနှင်ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

HTC U24 Pro ရဲ့ 12/256GB ကို ၅၈၅ ဒေါ်လာနဲ့ 12/512GB ကို ၆၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Space Blue နဲ့ Twilight White အရောင်တွေ ထုတ်လုပ်ထားပြီး တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina