HTC ဟာ ယခင်က Mid Range Level ဖုန်းတွေကို Eye Branding တပ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၁၀၄ ခုနှစ်လောက်ထဲက HTC Desire Eye ဆိုပြီး စတင်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ HTC က နာမည်ပေးတာတွေကို ယခင်ကနဲ့ မတူညီတော့တာကိုပါ တွေ့ရပါတယ်။
ဒါပေမယ့် နာမည်ကြီး Leak တစ်ခုဖြစ်တဲ့ EVLeaks ကတော့ သူ့ရဲ့ Twitter Page မှာ HTC Eye Series ဖုန်းတွေက ပြန်လည်ထွက်ရှိလာမှာဖြစ်ပြီး HTC U11 EYEs အမည်နဲ့ စမတ်ဖုန်းတစ်ခုကို ထပ်မံထုတ်လုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
The upcoming HTC Harmony will come to market as the, ahem, HTC U11 EYEs.
— Evan Blass (@evleaks) December 7, 2017
Eye Series ဖုန်းတွေဟာ အများအားဖြင့် Selfie ဓါတ်ပုံတွေ ပိုရိုက်လို့အဆင်ပြေပြီး Video Calls အခေါ်များတဲ့သူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
လက်ရှိသိရတဲ့သတင်းတွေအရတော့ HTC ကနေ U11 EYEs လို့ ယူဆရတဲ့ 5.99″ 18:9 Display နဲ့ Qualcomm Snapdragon 652 ကို RAM 4GB, ROM 64GB နဲ့ တွဲဖက်ထားတဲ့ဖုန်းတစ်ခုကို တွေ့မြင်ရနေပြီဖြစ်ပါတယ်။
အဆိုပါ HTC U11 EYEs ဖုန်းကို ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ရောင်းချသွားမှာဖြစ်ပြီးတော့ တကယ်လို့ Processor ကိုပိုပြီးကောင်းတဲ့ Snapdragon 660 လိုမျင်တယ်ဆိုရင် နောက်ထပ်ဒေါ်လာ ၁၄၀ လောက်ပိုပေးရမှာဖြစ်ပါတယ်။