Vivo ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ X70 Pro Global Version ကို ရောင်းချခဲ့ပြီး မကြာခင်ကပဲ အဲဒီ ဖုန်းရဲ့ ကင်မရာကို DxOMark က စမ်းသပ်ခဲ့ပါတယ်။ ရမှတ်အလွန်ကောင်းပြီး ၁၃၁ ထိ မှတ်ရသွားတာပါ။

vivo X70 Pro DXOmark

ကင်မရာ အပိုင်းမှာ ၁၃၉ မှတ်၊ Zoom နဲ့ Video အပိုင်းမှာ ၇၇ မှတ်နဲ့ ၁၁၁ မှတ် အသီးသီး ရထားပါတယ်။ Vivo X70 Pro ဟာ DxOMark ရဲ့ စွမ်းရည်မြင့် ဖုန်း စာရင်းမှာ နေရာကောင်း ရထားပြီး Phone 13 ကို နန်းချနိုင်ခဲ့ပါတယ်။ X70 Pro ဟာ DxOMark ရဲ့ တစ်ကမ္ဘာလုံး အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၁၂ နေရာကို ရထားပါတယ်။

vivo X70 Pro DXOmark

DxOMark ရဲ့ စမ်းသပ်ချက်အရ Vivo X70 Pro ဟာ Low Light မှာ Exposure စွမ်းဆောင်ရည် မြင့်မားပြီး Wide Dynamic Range ထောက်ပံ့ထားပါတယ်။ ကောင်းမွန်တဲ့ အရောင်တွေ ထုတ်လုပ်ပေးပြီး Low Light မှာ အသေးစိတ်ကျတဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်ပါတယ်။ Autofocus က တိကျပြီး Wide Depth of Field ကို ပံ့ပိုးပေးထားပါတယ်။ Ultra-wide ကင်မရာရဲ့ White Balance က တိကျပြီး Talephoto ဓါတ်ပုံတွေဟာ အသေးစိတ်ကျပါတယ်။

Video တွေ ရိုက်ကူးတဲ့အခါ Exposure ကောင်းမွန်ပြီး White Balance တိကျပါတယ်။ တောက်ပတဲ့ အလင်းရောင်အောက်မှာ အသေးစိတ်ကျတဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်ပြီး Stabilization အားကောင်းပါတယ်။

ဒါပေမယ့် DxOMark က Indoor နဲ့ Low Light ဓါတ်ပုံတွေမှာ White Balance အားနည်းတယ်လို့ ပြောပါတယ်။ High Contrast Scenes မှာ Clipping ပြဿနာ ရှိနေပြီး Noise အနည်းငယ် ပါနေပါတယ်။ Shutter ဟာ တုန့်ဆိုင်းနေတတ်ပြီး Telephoto Mode နဲ့ ဆက်တိုက်ရိုက်တဲ့အခါမှာ Resolution ကျတာ ဖြစ်တတ်ပါတယ်။ Low Light မှာ Video ရိုက်တဲ့အခါ Autofocus မတည်ငြိမ်ဘဲ Video တွေ အသေးစိတ်မကျတဲ့ ပြဿနာ ရှိပါတယ်။

အဲဒီ ပြသနာတွေကလွဲရင် Vivo X70 Pro ရဲ့ ကင်မရာ စွမ်းဆောင်ရည်ဟာ စွမ်းရည်မြင့် စမတ်ဖုန်း ကဏ္ဍမှာ အကောင်းဆုံး ဖြစ်နေပါတယ်။

Ref : gizmochina