ZTE က မတ်လမှာ Axon 11 5G ကို ကြေညာခဲ့ပြီး အခုတော့ Axon 11 SE ကို တရုတ် ဆက်သွယ်ရေးကော်မရှင် TENAA မှာတွေ့လာရပါပြီ။ အဲဒီ စမတ်ဖုန်းရဲ့ Specs နဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဒီဇိုင်းဟာ မတ်လက ဂျပန်မှာ ကြေညာခဲ့တဲ့ a1 ZTG01 နဲ့ တူပါတယ်။

Axon 11 SE မှာ ၆.၅၃ လက်မ FHD+  LCD မျက်နှာပြင် တပ်ဆင်ထားပြီး ဘယ်ဘက်အထက်နားမှာ 16MP Punch Hole ကင်မရာ ၁ လုံး ပါလာပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာပဲ တပ်ဆင်ထားပါတယ်။

Axon 11 SE မှာ Octa-core Chipset မောင်းနှင်ထားပြီး MediaTek Dimensity 800 5G Chipset ဖြစ်မယ်လို့ ထင်ပါတယ်။ 6 or 8GB RAM နဲ့ 64/128/256GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပြီး microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု ZTE MiFavor UI မောင်းနှင်ထားပြီး 3,900mAh ဘက်ထရီ ပါလာမှာပါ။ အရွယ်အစား အပြည့်အစုံမှာ 162.7×76.3×8.8mm ဖြစ်ပါတယ်။

Ref : gsmarena