“Elon Mush က Twitter ကို တရားရုံးမှာ ရင်ဆိုင်ပြီး မယှဉ်ပြိုင်ချင်ဘူးလား”လို့ မေးရတော့မှာပါပဲ။ ဒါမှမဟုတ် Musk ဟာ ကြိုးဝိုင်းထဲမှာ မထိုးချင်ဘဲ လမ်းပေါ်မှာပဲ ထိုးချင်တဲ့သူလား။ သူ့ရှေ့နေတွေကလည်း တရားရုံးမှာ စုံကန်ငြင်းနေသလို၊ Musk ကလည်း Public Debate လုပ်မလားလို့ စိန်ခေါ်နေတာပါ။

သူ့ရဲ့ရှေ့နေတွေဟာ စာမျက်နှာ ၁၆၅ မျက်နှာပါတဲ့ အငြင်းအခုံတစ်ခုကို ဖန်တီးလိုက်ပြီး သူဟာ ဘာကြောင့် ပလက်ဖောင်းကိုဝယ်ယူမဲ့ ဒေါ်လာ ၄၄ ဘီလီယံ သဘောတူညီချက်ဆီ ဆက်မသွားချင်တော့လဲဆိုတဲ့အကြောင်းကို တင်သွင်းလိုက်ပါတယ်။

ဂျူရီလူကြီးတွေရဲ့ အဆုံးအဖြတ်မတိုင်ခင်မှာပဲ Musk က သူ့ တွစ်တာ Followers တွေကြားက ဖြစ်တန်ခြေရှိတဲ့ Mars colonizers တွေ၊ Tesla fans တွေ၊ Dogecoin holders တွေ ကြားမှာ Bot issue ကို ရှင်းထုတ်ဖို့ အကြံပြုလိုက်တာပါ။ ဒါဟာ သူ့ရဲ့ Follower အားကို ယူချင်တဲ့သဘောလည်း ရှိနေပါတယ်။

“Twitter bot ရာခိုင်နှုန်းနဲ့ပတ်သက်ပြီး အများသူငါရှေ့မှာ အခြေအတင်ဆွေးနွေးဖို့ @paraga ကို ကျွန်တော် စိန်ခေါ်လိုက်ပါတယ်” လို့ Musk က သူ့ Forum အဖွဲ့ဝင်ပေါင်း ၁၀၂ သန်းဆီ ကြေညာလိုက်ပါတယ်။ “Twitter မှာ Fake ဒါမှမဟုတ် Spam ဟာ နေ့စဉ်အသုံးပြုသူရဲ့ ၅% ရှိကြောင်း အများသူငါကို သက်သေပြခွင့်ပေးပါ” လို့ ဆိုပါတယ်။

Musk ဟာ အဆိုပါ Tweet ကို သူ့ Profile မှာ Pinned လုပ်ထားပြီး သူ့ Followers တွေအနေနဲ့ ပလက်ဖောင်းရဲ့ လစဉ်၊ နေ့စဉ်အသုံးပြုသူရဲ့ ၅% အောက်ဟာ Fake/spam ဖြစ်တယ် ဆိုတဲ့ ငြင်းခုံမှုကို ယုံလား၊ မယုံလား ဆိုတာကိုလည်း စစ်တမ်းကောက်ယူခဲ့ပါသေးတယ်။

Options နှစ်ခုက “Yes” ဆိုရင် Three Robot emojis ကို ရွေးချယ်ရမှာဖြစ်ပြီး (ဒါကိုရွေးချယ်သူတိုင်းက Bot လည်း ဖြစ်နိုင်ပါတယ်) No အတွက်ကတော့ “Lmaoo no” ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိကတော့ အသုံးပြုသူရဲ့ 64.9% က Lmaoo no ကို ရွေးချယ်ထားကြတာ တွေ့ရပါတယ်။ စစ်တမ်းကတော့ တနင်္ဂနွေနေ့မှာ ပြီးဆုံးသွားတာပါ။

အမှန်တကယ်အငြင်းပွားမှု (တရားသူကြီးနဲ့ ဂျူရီလူကြီးများရှေ့) ကိုတော့ လာမဲ့လအနည်းငယ်အတွင်း တရားရုံးမှာ ကြားနာဖို့ စီစဉ်ထားပါတယ်။ အဆုံးသတ်မှာ ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref: The Verge