[Unicode]

Xiaomi ငွေကြေးရင်းနှီးမြှပ်နှံထားတဲ့ Huami က လတ်စ်ဗီးဂတ်စ်မှာ နောက် ၁ ပတ်ထဲ ကျင်းပမယ့် CES နည်းပညာပြပွဲမှာ ထုတ်ကုန် အသစ်တွေ ကြေညာတော့မှာပါ။ ကုမ္ပဏီက Amazfit Bip S နဲ့ TWS Wireless Earbuds ကို ချပြမယ်လို့ ပြောထားပါတယ်။ အခုတော့ Huami က Amazfit T-Rex လို့ နာမည်ပေးထားတဲ့ အကြမ်းခံ စမတ်နာရီ အသစ်ကိုပါ မိတ်ဆက်မယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပြောပါတယ်။

ကုမ္ပဏီက မျှဝေလိုက်တဲ့ ဓါတ်ပုံအရ ဒီလ ၈ ရက်နေ့မှာ စမတ်နာရီ အသစ်ကို ကြေညာမယ်လို့ ရေးသားထားပါတယ်။ ဓါတ်ပုံမှာ အကြမ်းခံတဲ့ စမတ်နာရီ ဖြစ်မယ်လို့ အရိပ်အမြွက် ပြသထားပါတယ်။ လက်ပတ်ကြိုးက ထူတဲ့အတွက် သိပ်တော့ မလှပါဘူး။ ဒါပေမယ့် အကြမ်းခံတဲ့ စမတ်နာရီ ဝတ်ဆင်ချင်သူတွေအတွက် မိုက်ပါတယ်။

အဲဒီ စမတ်နာရီရဲ့ ဓါတ်ပုံတွေ ဒီ ၁ ပတ်အစောပိုင်းက ထွက်ပေါ်ခဲ့ပြီး လက်ပတ်ကြိုးက ထူထဲပါတယ်။ စမတ်နာရီ ကိုယ်ထည်ရဲ့ ဘောင်တွေကလည်း ထူထဲပြီး အကြမ်းခံတဲ့ ကိုယ်ထည် ပါလာပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာတွက်ချက်ပေးဖို့အတွက် အရွယ်ကြီး HR Monitoring Hardware တွေ ထည့်သွင်းထားနိုင်ပါတယ်။

T-Rex မှာ Bluetooth 5.0 LE Support နဲ့ 390mAh ဘက်ထရီတွေ ပါမယ်လို့သတင်းထွက်နေပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်မှာပါ။

Ref : gsmarena

[Zawgyi]

Huami ရဲ႕ Amazfit T-Rex စမတ္နာရီကို ဒီလ ၈ ရက္ေန႔မွာ ေၾကညာမည္

Xiaomi ေငြေၾကးရင္းႏွီးျမွပ္ႏွံထားတဲ့ Huami က လတ္စ္ဗီးဂတ္စ္မွာ ေနာက္ ၁ ပတ္ထဲ က်င္းပမယ့္ CES နည္းပညာျပပြဲမွာ ထုတ္ကုန္ အသစ္ေတြ ေၾကညာေတာ့မွာပါ။ ကုမၸဏီက Amazfit Bip S နဲ႔ TWS Wireless Earbuds ကို ခ်ျပမယ္လို႔ ေျပာထားပါတယ္။ အခုေတာ့ Huami က Amazfit T-Rex လို႔ နာမည္ေပးထားတဲ့ အၾကမ္းခံ စမတ္နာရီ အသစ္ကိုပါ မိတ္ဆက္မယ္လို႔ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ေျပာပါတယ္။

ကုမၸဏီက မွ်ေ၀လိုက္တဲ့ ဓါတ္ပံုအရ ဒီလ ၈ ရက္ေန႔မွာ စမတ္နာရီ အသစ္ကို ေၾကညာမယ္လို႔ ေရးသားထားပါတယ္။ ဓါတ္ပံုမွာ အၾကမ္းခံတဲ့ စမတ္နာရီ ျဖစ္မယ္လို႔ အရိပ္အျမြက္ ျပသထားပါတယ္။ လက္ပတ္ႀကိဳးက ထူတဲ့အတြက္ သိပ္ေတာ့ မလွပါဘူး။ ဒါေပမယ့္ အၾကမ္းခံတဲ့ စမတ္နာရီ ၀တ္ဆင္ခ်င္သူေတြအတြက္ မိုက္ပါတယ္။

အဲဒီ စမတ္နာရီရဲ႕ ဓါတ္ပံုေတြ ဒီ ၁ ပတ္အေစာပိုင္းက ထြက္ေပၚခဲ့ၿပီး လက္ပတ္ႀကိဳးက ထူထဲပါတယ္။ စမတ္နာရီ ကိုယ္ထည္ရဲ႕ ေဘာင္ေတြကလည္း ထူထဲၿပီး အၾကမ္းခံတဲ့ ကိုယ္ထည္ ပါလာပါတယ္။ ကိုယ္လက္လႈပ္ရွားမႈကို တိုင္းတာတြက္ခ်က္ေပးဖို႔အတြက္ အရြယ္ႀကီး HR Monitoring Hardware ေတြ ထည့္သြင္းထားႏုိင္ပါတယ္။

T-Rex မွာ Bluetooth 5.0 LE Support နဲ႔ 390mAh ဘက္ထရီေတြ ပါမယ္လို႔သတင္းထြက္ေနပါတယ္။ ေရအနက္ မီတာ ၅၀ အထိ ၀တ္ဆင္ႏိုင္မွာပါ။

Ref : gsmarena