Huawei Consumer BG Software Department ရဲ့ President ဖြစ်တဲ့ Wang Chenglu ကနေ အခုအချိန်မှာ Huawei နဲ့ Honor စမတ်ဖုန်းတွေအတွက် EMUI Feature အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒါကတော့ စမတ်ဖုန်းရဲ့ Battery ကို ကာကွယ်ဖို့အတွက် Smart Charging Mode Feature ပဲဖြစ်ပါတယ်။

Huawe ရဲ့ Executive ပြောကြားချက်အရတော့ စမတ်ဖုန်းတွေဟာ Lithium Battery တွေကို အသုံးပြုနေကြတဲ့အတွက် အချိန်သက်တမ်းကြာလာတာနဲ့အမျှ Battery ရဲ့ သက်တမ်းနဲ့ Capacity လျော့နည်းလာတာဖြစ်တယ်လို့သိရပါတယ်။ တကယ်လို့ သေချာစွာအသုံးမပြုရင် ပိုပြီး Battery သက်တမ်းက လျော့နည်းသွားဦးမှာပါ။

အဲ့ဒီအတွက်လည်း ယခု Smart Charging Mode ကို EMUI မှာထည့်သွင်းပေးလိုက်တာဖြစ်ပြီး Battery ရဲ့ သက်တမ်းကို အကောင်းဆုံးထိန်းသိမ်းပေးနိုင်အောင် အားသွင်းသွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ အသုံးပြုတဲ့အချိန်မှာလည်း Battery Life ကို ပိုအသုံးခံအောင် လုပ်ပေးသွားဦးမှာပါ။

အဆိုပါ Smart Charging Mode Feature ဟာ ဖုန်းရဲ့ AI ကနေ 100% ကို ပြည့်သွားတာနဲ့ အားသွင်းနေတာကို လျော့ချပစ်ပြီးတော့ အားအပြည့်ကို ဆက်လက်အားသွင်းနေတာမျိုးမဖြစ်အောင်ကာကွယ်သွားမှာပါ။ ဒါတင်မဟုတ်သေးဘဲ Battery 80% အထက်ဖြစ်နေရင်လည်း Overnight Charging အတွင်းမှာ အားကို ဆက်လက်မသွင်းတော့ဘဲ ရပ်ဆိုင်းပေးမှာဖြစ်ပါတယ်။

လောလောဆယ်မှာ ယခု Smart Charging Mode Feature ကို Honor Mate 30 နဲ့ Honor V30 Series ဖုန်းတွေမှာ အသုံးပြုနိုင်နေပြီဖြစ်ပြီး မကြာခင်မှာ တခြားသော Device တွေမှာရရှိလာမယ်လို့ သိရပါတယ်။

Ref – Gizmo China