Analyst Summit 2024 မှာ Huawei ရဲ့ အရာရှိ ၁ ယောက် ဖြစ်သူ Xu Zhijun က Harmony OS ကို တစ်ကမ္ဘာလုံးမှာ ဖြန့်ချိမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိနေပေမယ့် HarmonyOS ကို ကမ္ဘာ့ လူသုံးအများဆုံး တတိယမြောက် Mobile Operating System ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။

Former Huawei executive claims that HarmonyOS for PC will release next year  - Neowin

Huawei ဟာ HarmonyOS တိုးတက်ဖွံ့ဖြိုးဖို့အတွက် App Developer တွေနဲ့ နီးကပ်စွာ အလုပ်လုပ်မှာ ဖြစ်ပြီး လိုအပ်တဲ့ ထောက်ပံ့မှု၊ Tools တွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။ Huawei ဟာ အစမှာ တရုတ် ဈေးကွက်ကို အာရုံထားမှာ ဖြစ်ပြီး သုတေသန စစ်တမ်းအရ တရုတ်မှာ User ၉၉ ရာခိုင်နှုန်းဟာ App ၅,၀၀၀ ကျော်ကို အသုံးပြုကြပါတယ်။ အဲဒီအတွက် Huawei ဟာ အစမှာ အဲဒီ App ၅,၀၀၀ ကို အာရုံထားမှာ ဖြစ်ပြီး အဲဒီနောက်မှာ တစ်ကမ္ဘာလုံးမှာ ဖြန့်ချိမှာပါ။

Harmony OS 3.0 - GOING GLOBAL!

App ၄,၀၀၀ ဝန်းကျင်ကို HarmonyOS NEXT အတွက် ဖန်တီးထားပြီးပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တခြား App Developer တွေ ပါဝင်လာဖို့ အချိန်ယူရဦးမှာပါ။ Huawei ဟာ အနာဂတ်မှာ App ၁ သန်းအထိ ရလာနိုင်တယ်လို့ Xu Zhijun က ပြောပါတယ်။

HarmonyOS ဟာ တရုတ်မှာ လျှင်မြန်စွာ လူသုံးများလာတယ်လို့ တခြား သတင်းအရင်းအမြစ် ၁ ခုက ပြောပါတယ်။ HarmonyOS ဟာ မကြာခင်မှာ iOS ကို ကျော်ပြီး တရုတ်မှာ ဒုတိယ လူသုံး အများဆုံး ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena