Chery Automobile နဲ့ Huawei တို့ဟာ Luxeed ကားနဲ့ လျှပ်စစ်ကား ဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ ပထမဆုံး မော်ဒယ် ဖြစ်တဲ့ S7 ကို တရုတ်မှာ နိုဝင်ဘာလအတွင်း ရောင်းချတော့မှာပါ။ အဲဒီကားဟာ နာမည်ကြီး Tesla Model S ထက်တောင် စွမ်းရည်မြင့်မားမှာပါ။

Superior to Tesla's Model S': Huawei and Chery Automobile EV venture Luxeed  to launch first production model in November | South China Morning Post

Huawei ရဲ့ Richard Yu Chengdong က S7 ရဲ့ အလားအလာကို ပြောကြားလာပေမယ့် Specs အပြည့်အစုံကို မပြောသေးပါဘူး။ အဲဒီကားမှာ Voice Control နဲ့ မောင်းသူမဲ့ နည်းပညာတွေလို ခေတ်မှီ လုပ်ဆောင်ချက်တွေ ပါလာမှာပါ။ နည်းပညာ စိတ်ဝင်စားသူတွေအတွက် S7 ဟာ ရွေးချယ်စရာ ဖြစ်လာမှာပါ။

Luxeed ဟာ Chery ရဲ့ မော်တော်ကား ကျွမ်းကျင်မှုနဲ့ Huawei ရဲ့ နည်းပညာတို့ကို ပေါင်းစပ်ထားလို့ တစ်မူထူးခြားမှာပါ။ Chery ဟာ ပြီးခဲ့တဲ့ နှစ်က လျှပ်စစ်ကား ရောင်းအား ၁၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ Huawei ကတော့ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ နှစ်က ကြေညာခဲ့တဲ့ Huawei HI System မှာ နည်းပညာမြင့် Computing နဲ့ မောင်းသူမဲ့ စွမ်းရည်တွေ ပါပါတယ်။

Huawei beats Apple to an electric car | The Canberra Times | Canberra, ACT

တရုတ် လျှပ်စစ်ကား ဈေးကွက်ဟာ ဒီနှစ်မှာ ၅၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားတဲ့အတွက် Luxeed S7 ဟာ ရောင်းအားကောင်းနိုင်ပါတယ်။ တရုတ်လျှပ်စစ်ကား ဈေးကွက်မှာ Nio , Li Auto နဲ့ Xpeng တို့ဟာ Tesla ရဲ့ ဈေးကွက်ကို လုယူဖို့ ကြိုးစားနေကြပါတယ်။

Ref : gizmochina