လက်ရှိအချိန်မှာ Tencent လို့ ဆိုလိုက်တာနဲ့ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးနည်းပညာ ကုမ္ပဏီတစ်ခုအပြင် Mobile Game Developer ကုမ္ပဏီတွေထဲမှာလည်း ဆရာတစ်ဆူလို့ တန်းပြောနိုင်မှာပါ။ လက်ရှိရရှိထားတဲ့သတင်းတွေအရတော့ Huwaei ကနေ Tencent နဲ့ ပူးပေါင်းလိုက်ပြီလို့သိရပါတယ်။

အခုလို တရုတ်ကုမ္ပဏီကြီး ၂ ခုရဲ့ပူးပေါင်းမှုဟာ အဓိကအနေနဲ့ Cloud Gaming Platform တစ်ခုကို အသစ်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာတစ်ခုကတော့ လက်ရှိ Google Stadia လိုမျိုး Cloud Gaming Platform တစ်ခုဖြစ်လာနိုင်ပါတယ်။

Reuter သတင်းဌာနရဲ့ ပြောကြားချက်အရ အဆိုပါ Could Gaming Platform အတွက် Huawei ကနေ ထုတ်လုပ်ထားတဲ့ Kunpeng အမည်ရှိတဲ့ Processor ကို အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ Tencent ရဲ့ Cloud Gaming Platform ကို လောလောဆယ်မှာ Game Matrix လို့နာမည်ပေးထားပြီးတော့ Artificial Intelligence (AI) နဲ့ Augmented Reality (AR) ပိုင်းတွေအကို အဓိကဆောင်ရွက်သွားမှာဖြစ်ပါတယ်။

AR ပိုင်းကတော့ Apple ကိုယ်တိုင်ကလည်း စမ်းသပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး Apple AR Headset ကို မိတ်ဆက်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ Huawei နဲ့ Tencent တို့ရဲ့ Cloud Gaming Platform သာ အောင်မြင်လာမယ်ဆိုရင် ဒါက Google Stadia နဲ့ Microsoft Project xCloud လို Service တွေအတွက် ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။

Ref – Phone Arena