Huawei မှ ခိုင်မာသော စီးပွားရေး စွမ်းဆောင်ရည်များနှင့် ၎င်း၏ Customer များအပါအဝင် လူမှု အသိုင်းအဝိုင်းအတွက် ပိုမိုတန်ဖိုးရှိသော အရာများကို ဖန်တီးပေးရန် ကတိကဝတ်ကို ကြေညာခဲ့သည်

Huawei မှ ၎င်း၏ ခိုင်မာသော စီးပွားစွမ်းဆောင်ရည်များ အသေးစိတ်ပါဝင်သော ၂၀၁၉ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအားဝင်ငွေသည် တရုတ်ယွမ်ငွေ ၈၅၈.၈ ဘီလျံထိ ရှိခဲ့ပြီး နှစ်အလိုက် အမြတ်ငွေသည် ၁၉.၁% ထိ တိုးမြင့်ခဲ့ကာ အသားတင် အမြတ်ငွေမှာ တရုတ်ယွမ်ငွေ ၆၂.၇ ဘီလျံထိ ရရှိခဲ့သည်။ လုပ်ငန်းလည်ပတ်မှု အသားတင် ငွေစီးဆင်းမှုသည် တရုတ်ယွမ်ငွေ ၉၁.၄ ဘီလျံထိ ရှိပြီး နှစ်အလိုက်၂၂.၄% ထိ မြင့်တက်ခဲ့သည်။ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် သုတေသနများတွင် နှစ်ရှည် ရင်းနှီးမြှုပ်နှံလျက်ရှိရာမှ Huawei သည် ၎င်း၏ ၂၀၁၉ ခုနှစ် ဝင်ငွေ၏ ၁၅.၃% (သို့) တရုတ်ယွမ်ငွေ ၁၃၁.၇ ဘီလျံကို R&D သို့ ပြန်လည် ရင်းနှီးမြှုပ်နှံခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း R&D အသုံးစရိတ်သည် တရုတ်ယွမ်ငွေ ၆၀၀ ဘီလျံကို ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။

“၂၀၁၉ ဟာ Huawei အတွက်တော့ တစ်မူထူးခြားတဲ့ နှစ်တစ်နှစ်ပါပဲ” ဟု Huawei ၏ အလှည့်ကျ ဥက္ကဌဖြစ်သူ Mr. Eric Xu မှ ဆိုသည်။ “ဖိအားတွေ အများကြီးရှိခဲ့ပေမဲ့ ကျွန်တော်တို့တွေ အားလုံး ကျွန်တော်တို့ရဲ့ Customer တွေကို ဘာတွေ ပြန်ပေးနိုင်မလဲဆိုတာကိုပဲ အဓိကထား အားစိုက်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ သူတို့တွေ အပါအဝင် ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ ယုံကြည်လေးစားမှုကို ရရှိဖို့အတွက်လည်း ကျွန်တော်တို့ အတော်ကို ကြိုးစားခဲ့ကြတယ်။ ခုထိလည်း ခိုင်မာ တည်မြဲနေဆဲပါပဲ။” ဟု ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ်တွင် Huawei ၏ Carrier လုပ်ငန်းစုသည် 5G ကွန်ရက်ကို စတင်ခဲ့သည်။ 5G application များ၏ ဆန်းသစ်တီထွင်မှုများကို မိတ်ဆက်ရန်နှင့် စီးပွား ကူးသန်းရောင်းဝယ်မှုကို ပိုမိုတိုးတက်စေရန် ကမ္ဘာတစ်ဝန်းရှိ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းများနှင့်အတူ 5G ပူးတွဲတီထွင်မှု စင်တာများကို တည်ထောင်ခဲ့သည်။ Huawei ၏ RuralStar အခြေစိုက်စခန်းများမှ နည်းပညာများသည် ဝေးလံခေါင်ဖျားသော ဒေသများမှ ပြဿနာများကိုပင် ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်းရှိသည်။ အဆိုပါ နည်းပညာများကို နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် အသုံးပြုနေပြီး ဝေးလံသော ဒေသများမှ ဒေသခံပေါင်း ၄၀ မီလျံကျော်ကို မိုဘိုင်းလ် အင်တာနက်များ ပေးစွမ်းနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Huawei Carrier လုပ်ငန်းစု ၏ရောင်းအားဝင်ငွေမှာ တရုတ်ယွမ်ငွေ ၂၉၆.၇ ဘီလျံထိ မြင့်တက်လာခဲ့ပြီး နှစ်အလိုက် ၃.၈ % ထိ တိုးတက်လာခဲ့သည်။

Huawei ၏ Enterprise လုပ်ငန်းစု သည် ဒစ်ဂျစ်တယ်လ် ကမ္ဘာကြီးဖြစ်လာရန် အခြေခံ အုတ်မြစ်ချပေးသည့် အနေဖြင့် စက်မှုလုပ်ငန်းများမှသုံးစွဲသူ များအတွက် ဒစ်ဂျစ်တယ်လ်အသွင်ကူးပြောင်းခြင်းကို အင်တိုက် အားတိုက် ကူညီလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းတွင်လည်း မြို့ပြပေါင်း ၇၀၀ ကျော်နှင့် Fortune Global 500 မှကုမ္ပဏီပေါင်း ၂၂၈ ခုသည် ၎င်းတို့၏ ဒစ်ဂျစ်တယ်လ်အသွင်ပြောင်းပါတနာအဖြစ် Huawei ကို ရွေးချယ်ခဲ့ကြသည်။ Huawei က နည်းပညာဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီး ဖွံ့ထွားရှင်သန်လာစေရန် ပျိုးထောင်သည့်အနေဖြင့် ၎င်း၏ Computing Strategy (ကွန်ပျူတာ နည်းပညာ)ကို ထုတ်ဖော်ကြေညာခဲ့သည်။ အဆိုပါ နည်းဗျူဟာ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ကုမ္ပဏီသည် ကမ္ဘာ့အမြန်ဆုံး AI Processor ဖြစ်သည့် the Ascend 910 နှင့် AI training cluster Atlas 900 ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း Huawei ၏ Enterprise လုပ်ငန်းစု ၏ ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၈၉.၇ ဘီလျံထိ မြင့်တက်ခဲ့ပြီး နှစ်အလိုက်ဝင်ငွေ၏ ၈.၆% ထိ မြင့်တက်ခဲ့သည်။

Huawei ၏ Consumer လုပ်ငန်းစုသည် တစ်နှစ်ပတ်လုံးအတွင်းတွင် စမတ်ဖုန်း စုစုပေါင်း ၂၄၀ မီလျံ ကို တင်ပို့ရောင်းချမှုနှင့်အတူ တိုးတက်မှု အားကောင်းနေသည်။ Personal Computer များ၊ Tablet များ၊ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားနိုင်သည့် ကိရိယာများ၊ Smart Screens များ အပါအဝင် စက်ကိရိယာမျိုးစုံတွင် Seamless AI Life ecosystem ကို ထည့်သွင်းထားခြင်း၏ တိုးတက်မှုများကို တင်ပြနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း Huawei Consumer လုပ်ငန်းစု ၏ အရောင်းဝင်ငွေသည် တရုတ်ယွမ်ငွေ ၄၆၇.၃ ဘီလျံထိ မြင့်တက်ခဲ့ပြီး နှစ်အလိုက်ဝင်ငွေ၏ ၃၄%ထိ မြင့်တက်ခဲ့သည်။

“ရှေ့ဆက်တိုးလေလေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ပိုရှုပ်‌ထွေးလေလေပါပဲ။ ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေး၊ နှိုင်းယှဉ်နိုင်စွမ်းတွေ၊ ပွင့်လင်းမြင်သာတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ကျွန်တော်တို့ Customer တွေနဲ့ လူမှုအသိုင်းအဝိုင်းအတွက် ပိုအကျိုးရှိစေမယ့် ဖန်တီးမှုတွေကို အစဉ်မပြတ် ဆက်လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါက စက်မှုလုပ်ငန်းတွေကနေ တစ်ဆင့် အသိဉာဏ်ပြည့်ဝတဲ့ ဒစ်ဂျစ်တယ်လ် အသွင်ပြောင်းရာက ဖြစ်ပေါ်လာတဲ့ သမိုင်းဝင်အခွင့်အရေးတွေကို ဖမ်းဆုပ်နိုင်မယ့် လမ်းတစ်ခုဖြစ်ပြီး ရေရှည်မှာလည်း ခိုင်မာတဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ဆောက်တည်နိုင်မှာ ဖြစ်ပါတယ်။” ဟု Xu က ဆိုသည်။

၂၀၁၉ နှစ်ပတ်လည် အစီရင်ခံစာ၏ ဘဏ္ဍာရေးရာ ရှင်းတမ်းများအားလုံးကို နိုင်ငံတကာ Big Four စာရင်းကိုင် ကုမ္ပဏီဖြစ်သော KPMG မှ လွတ်လပ်စွာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ နှစ်ပတ်လည် အစီရင်ခံစာကို Download လုပ်လိုပါက www.huawei.com/en/press-events/annual-report/2019 တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။\

Source – Huawei