ဒီနှစ်အစောပိုင်းမှာ Mate 50 စီးရီးထွက်လာပြီးတဲ့နောက် Huawei အတွက် အရာအားလုံးဟာ ပုံမှန်လိုပြန်ဖြစ်သွားပြီလို့ ထင်လာရပါတယ်။ Mate 50 Pro ဟာ Xmage လို့ခေါ်တဲ့ In-house ကင်မရာပလက်ဖောင်းနဲ့ အဆင်ပြေနေတာ တွေ့နိုင်ပါတယ်။

ဒါ့အပြင် Emergency Battery Mode ကလည်း ဘက်ထရီပမာဏက 1% အထိ ကျသွားရင်တောင် ၃ နာရီအထိ Standby ရရှိနိုင်ပြီး အသုံးပြုသူကိုလည်း ၁၂ မိနစ်ကြာ ဖုန်းပြောဆိုနိုင်အောင် ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ Mate 50 စီးရီးဟာ Huawei ရဲ့ ပြန်လာမှုအတွက် အစပြုတဲ့စီးရီးလို့ ဆိုနိုင်ပါတယ်။

Huawei ဟာ အမေရိကန်က ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်နိုင်ပြီလို့ Reuters သတင်းဌာနက ရေးသားဖော်ပြလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ဝင်ငွေဟာ အမေရိကန်ရဲ့ကန့်သတ်ချက်ကြောင့် ရောင်းချမှုရပ်တန့်သွားပြီး ကျဆင်းကြောင်းညွှန်ပြနေပေမဲ့ အမှန်တကယ်တမ်းမှာတော့ ၂၀၂၁ ကကိန်းဂဏန်းထက် ၀.၀၂% တော့ များနေပါသေးတယ်။

ဒါကြောင့် Huawei ရဲ့ အလှည့်ကျဥက္ကဋ္ဌ Eric Xu က ကုမ္ပဏီဟာ ပုံမှန်အတိုင်း လုပ်ငန်းပြန်စနေပြီလို့ ပြောလိုက်ပါတယ်။ “အမေရိကန်ရဲ့ ကန့်သတ်ချက်တွေဟာ ကုမ္ပဏီအတွက် ပုံမှန်နေထိုင်မှုအသစ် (New Normal) လိုဖြစ်လာတာကြောင့်၊ Huawei ဟာ ပုံမှန်အတိုင်း လုပ်ငန်းပြန်စနေပြီ” လို့ ဝန်ထမ်းတွေဆီ ပေးစာအနေနဲ့ ရေးသားပြီး မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

Huawei ဟာ ၂၀၁၉ ခုနှစ်တုန်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူဖြစ်ဖို့ အရှိန်ကောင်းရနေပြီး Samsung ကို ကျော်ဖြတ်လုနီးဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မေလမှာ ယူအက်စ်က Google အပါအဝင် ထောက်ပံရေးကွင်းဆက်တွေကို Huawei ဆီ ပို့ဆောင်ခြင်း ပိတ်ပင်လိုက်ပါတယ်။ အဲဒီကစလို့ Huawei ဟာ သူ့ရဲ့ကိုယ်ပိုင် HarmonyOS လည်ပတ်မှုစနစ်နဲ့ Huawei Mobile Services ဂေဟစနစ်ကို ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက် ကြိုးစားလာခဲ့ပါတော့တယ်။

နောက်တစ်နှစ်မှာ Huawei ဟာ တင်ပို့မှုစည်းမျဉ်းကိုပြောင်းလဲခဲ့ပြန်တာကြောင့် Chip foundries တွေဟာ အဓိကအစိတ်အပိုင်းတွေကို Huawei ဆီ တင်ပို့ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် HiSilicon ရဲ့ In-house ဒီဇိုင်းနဲ့ Kirin chips တွေ ထောက်ပံ့မှုလည်း ရပ်တန့်သွားရပြန်ပါတယ်။ အကယ်၍ Huawei အနေနဲ့ ကိုယ်ပိုင် Extreme Ultraviolet Lithography (EUV) machine ကို ဖန်တီးနိုင်မယ်ဆိုရင်တော့ အရာအားလုံးဟာ ကိုယ့်လက်ကိုယ့်ခြေနဲ့ အမြင့်ဆုံးကို ပျံသန်းနိုင်သွားပါလိမ့်မယ်။

Ref: Phone Arena