Huawei စမတ်ဖုန်းတွေမှာ System Update ပိုင်း Download ပြုလုပ်ဖို့အပြင် Customer Support တွေအတွက် အသုံးပြုနိုင်ဖို့အတွက် HiCare App ကို ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei ကနေ အဆိုပါ HiCare App ကို ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒီ HiCare App ရဲ့ ပြောင်းလဲမှုကို သိရှိဖို့အတွက်ကတော့ AppGallery ကနေ Version အသစ် (10.1.1.305) ကို Download ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ Version အသစ်မှာဆိုရင် App နာမည်ကို HiCare အစား Support လို့ပဲ ပြောင်းလဲခေါ်ဆိုသွားမှာဖြစ်သလို User Interface ကလည်း လုံးဝပြောင်းလဲသွားမှာပါ။
ဒါပေမယ့်လည်း App ရဲ့ Feature တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ပဲ စမတ်ဖုန်းကို စစ်ဆေးဖို့တဲ့ “Smart Diagnosis” နဲ့ “Scan” လိုမျိုး Feature တွေ၊ ဖုန်းတစ်ခုခုဖြစ်ခဲ့ရင် ပြသဖို့ Service Center ၊ Email နဲ့ Repair Progress လိုမျိုး Feature တွေကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် System Update ကိုလည်း HiCare App လိုမျိုးပဲ ယခု Support App ကနေ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီလိုမျိုး Huawei ကနေ HiCare App ကို အစားထိုးလိုက်တဲ့ Support App ရဲ့ Changelog အပြည့်အစုံကိုတော့ အောက်မှာကြည့်နိုင်မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ သူ့ရဲ့ စမတ်ဖုန်းတွေအတွက် အရေးကြီးတဲ့ App တစ်ခုဖြစ်တဲ့အတွက် ဒီလိုမျိုး HiCare အစား Support လို့ပဲ နာမည်ပေးလိုက်တာက ပိုပြီးရိုးရှင်းသွားစေမှာပါ။
Ref – Giz China