Huawei Children’s Watch 3 Pro Super Version ကို ကြေညာထားတာ ၃ လလောက်ပဲ ရှိပါသေးတယ်။ အခုတော့ Huawei Children’s Watch 4X လို့ခေါ်တဲ့ မော်ဒယ် အသစ်ရဲ့ ဓါတ်ပုံနဲ့ လုပ်ဆောင်ချက်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

အဲဒီ စမတ်နာရီရဲ့ ဓါတ်ပုံကို တရုတ်လူမှုကွန်ရက် ဝီဘိုမှာ မျှဝေထားတာ ဖြစ်ပြီး အဖြူရောင် မော်ဒယ် ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှာ ကင်မရာ ၁ လုံးနဲ့ ၉၀ ဒီဂရီထောင့်ချိုးမှာ နောက်ထပ် ကင်မရာ ၁ လုံး ပါပါတယ်။ ဒုတိယ ကင်မရာက တခြားလူတွေ၊ အရာဝတ္ထုတွေကို ရိုက်ကူးဖို့ ဒီဇိုင်း ထုတ်ထားတာဖြစ်ပြီး ကလေး အန္တရာယ်ကြုံတဲ့ အချိန်တွေမှာ ပတ်ဝန်းကျင်က တည်နေရာတွေကို ရိုက်ကူးကာ မိဘတွေထံ အကြောင်းကြားနိုင်ပါတယ်။

စမတ်နာရီရဲ့ ညာဘက်မှာ အနီရောင် ခလုတ် ၂ ခု ရှိပြီး ၁ ခုဟာ Home လို့ နာမည်တပ်ထားတဲ့ ပါဝါ ခလုတ်ဖြစ်ပါတယ်။ နောက် ၁ ခုကို FUN လို့ နာမည်တပ်ထားပါတယ်။ ဘယ်ဘက်မှာ SIM Tray တပ်ဆင်ထားပြီး Watch Face မှာ အချိန်၊ ရက်စွဲ၊ ဘက်ထရီ ပမာဏနဲ့ ခြေလှမ်းတွေကို ပြသထားပါတယ်။ ရေအနက် ၅ မီတာအထိ ဝတ်ဆင်နိုင်တဲ့အတွက် ကလေးတွေ ရေကူးရင် အိုကေပါတယ်။ ဒီလ ၃၀ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေတဲ့အတွက် သိပ်မလိုတော့ပါဘူး။

Ref : gizmochina