နှစ်စဉ်ကျင်းပမြဲဖြစ်သည့် HUAWEI CONNECT 2020 အခမ်းအနားတွင် Huawei သည် တစ်ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို မြှင့်တင်ပေးပြီး နိုင်ငံတကာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ရန်အတွက် ရည်ရွယ်ထားသော စီမံချက်များကို အသားပေး ဖော်ပြခဲ့သည်။ ထိုရည်မှန်းချက်များနှင့်ပတ်သက်ပြီး ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိသည့် နယ်ပယ်များတွင် Huawei က နည်းပညာ၊ application များ၊ ကျွမ်းကျင်မှုများမှတဆင့် မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရေးဆွဲထားသည့် “TECH4ALL ၊ ဒီဂျစ်တယ်အလုံးစုံပါဝင်မှုကို နည်းပညာဖြင့် အစွမ်းမြှင့်တင်ပေးခြင်း” နှင့် ဒုတိယလုပ်ဆောင်ချက်ဖြစ်သည့် အာရှပစိတ်ဒေသတွင်း အသိဉာဏ်မြင့် အသိုက်အဝန်းတစ်ခု အနာဂတ်တွင် ပေါ်ပေါက်လာစေရန်အတွက် အားကောင်းသည့် ဂေဟစနစ်နှင့် အသေးစိတ်လိုအပ်သော solutions များကို ဖန်တီးပေးနိုင်သော က ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ပါရာဒိုင်း (paradigm) သစ်ကို အဓိကထားရှင်းပြခဲ့သည်။

TECH4ALL ၊ ဒီဂျစ်တယ်အလုံးစုံပါဝင်မှုကို နည်းပညာဖြင့် အစွမ်းမြှင့်တင်ပေးခြင်း

Huawei ICT Infrastructure ၏ Chief Marketing Officer ဖြစ်သူ Kevin Zhang သည် ပညာရေး၏ တန်းတူညီမျှမှုနှင့် အရည်အသွေးကို မြှင့်တင်ရန် အလေးပေးဆောင်ရွက်ရန် ရည်ရွယ်ထားသော “TECH4ALL ၊ ဒီဂျစ်တယ်အလုံးစုံပါဝင်မှုကို နည်းပညာဖြင့် အစွမ်းမြှင့်တင်ပေးခြင်း” နှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။ ကမ္ဘာ့လူထုကြား COVID-19 ကပ်ရောဂါ ဆက်လက် ပြန့်နှံ့နေသည် ဖြစ်ရာ ကျောင်းသူကျောင်းသားများ၏ သင်ကြားမှုများ မရပ်တန့်သွားစေရန် Huawei က မိတ်ဖက်များနှင့် ဆက်လက်၍ လက်တွဲဆောင်ရွက်လျက် ရှိသည်။ တရုတ်နိုင်ငံတွင် Huawei က ပညာရေး မိတ်ဖက်ပေါင်း ၁၀၀ ကျော်တို့နှင့် ပူးပေါင်း၍ “Learn Anytime Education Alliance” အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ များစွာသော အွန်လိုင်း သင်ကြားရေး ပလက်ဖောင်းများ၊ solution များမှ တဆင့် အွန်လိုင်းကျောင်းသူကျောင်းသား သန်း ၅၀ ကျော်ကို ချိတ်ဆက်သင်ကြားပေးနိုင်ခဲ့သည်။ UNESCO မှ မိတ်ဆက်ထားသည့် Global Education Coalition အဖွဲ့အစည်း၏ ပင်မ အဖွဲ့ဝင်တစ်ဦးအနေဖြင့် Huawei သည် ယခုအခါတွင် အီသီယိုးပီးယား၊ ဂါနာနှင့် အခြားသော နိုင်ငံပေါင်းများစွာမှာ အားလုံး ညီတူတန်းတူ ပါဝင်သင်ယူနိုင်သော ပဋိပက္ခ အကြပ်အတည်းတွေ၏ ဒဏ်ကိုခံနိုင်မည့် Open School စနစ်တစ်ခုကို UNESCO နှင့်ပူးပေါင်းပြီး တည်ဆောက်သွားမည်ဖြစ်သည်။

TECH4ALL စီမံချက်တွင် ပညာရေးသာမက သဘာဝကို ထိန်းသိမ်းကာကွယ်ရမည့် လူသားတို့၏ ဆောင်ရွက်ချက်များကိုလည်း တင်ပြခဲ့သည်။ ဒီဂျစ်တယ် နည်းပညာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပိုမို ထိရောက်စေနိုင်ပြီး လူအများအားလည်း သဘာဝအကြောင်း ပိုမိုနားလည်၍ ထိန်းသိမ်းကာကွယ်လာနိုင်စေရန် အကူအညီပေးနိုင်သည်။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမဂ္ဂ (IUCN) ၏ ဥက္ကဌ Zhang Xinsheng က “ကောင်းမွန်ပြီး ပါးနပ်စွာ အသုံးပြုနိုင်မယ်ဆိုရင် နည်းပညာဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမယ့် အရေးကြီးတဲ့ ကိရိယာတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု အခမ်းအနားတွင် မှတ်ချက်ပေးခဲ့သည်။

Huawei ၏ ဆန်းသစ်တီထွင်မှုရှိသည့် 4G ကွန်ရက် solution က ဇီဝမျိုးစိတ်ကွဲများ၊ ကျက်စားရာ ဒေသများ၊ လူသားများ၏ ဝင်ရောက်လာမှုများကို အချိန်နှင့် တပြေးညီစောင့်ကြည့်ပေးသည့် စနစ်တစ်ခုကို ပံ့ပိုးထားသည်။ ထို့ကြောင့် ထိန်းသိမ်းစောင့်ရှောက်ရေးသမားများအနေဖြင့် သတင်းအချက်အလက်များကို အဝေးမှ တိုက်ရိုက် စောင့်ကြည့်ရယူနိုင်သည်။ ယင်း သတင်းအချက်အလက်များကို အသုံးပြု၍ မျိုးသုဉ်းမှုအန္တရာယ် ကြုံနေရသည့် မျိုးစိတ်များ၏ တိရိစ္ဆာန်ကောင်ရေ၊ နေထိုင်ကျက်စားမှုအလေ့အထများကို ခွဲခြမ်းစိတ်ဖြာနိုင်မည် ဖြစ်ပြီး ပန်းခြံကို စီမံခန့်ခွဲသူများ၏ ဆုံးဖြတ်ချက်ချမှတ်မှုများကိုလည်း ယင်းက အထောက်အပံ့ပေးမည် ဖြစ်သည်။ ထိုမှသာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာတွင် နည်းပညာမှ ဖော်ဆောင်ပေးနိုင်သည့် ဖြစ်နိုင်ချေသစ်များကို ပိုမို ရှာဖွေနိုင်ရန်အတွက် Huawei က TECH4Nature အစီအစဉ်အတွက် ICUN နှင့် ချိတ်ဆက်လုပ်ကိုင်သွားမည် ဖြစ်သည်။ ယင်းစီမံကိန်းက အထွေထွေသစ်တောများ၊ အဏ္ဏဝါဂေဟစနစ်များဆိုင်ရာ နည်းပညာ solution များကို အသုံးပြုပြီး ထိန်းသိမ်းစောင့်ရှောက်မှုများကို ပြုလုပ်ကာ ကမ္ဘာအနှံ့ ထိန်းသိမ်းထားသည့် နယ်မြေ ဧရိယာပေါင်း ၃၀၀ ကျော်အတွက် အသိပညာ၊ နည်းပညာနှင့် အရင်းအမြစ်များကို ပံ့ပိုးသွားမည် ဖြစ်သည်။

ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ပါရာဒိုင်း (paradigm) သစ်

ကမ္ဘာတွင် ဦးဆောင်နေသည့် နည်းပညာ ကုမ္ပဏီ Huawei ၏ အဆိုအရ ယင်း ပါရာဒိုင်းက လုပ်ငန်းများကြား တန်ဖိုးများ မျှဝေဖန်တီးနိုင်သော ဂေဟစနစ်တစ်ခုကို ဗဟိုပြုထားပြီး ချိတ်ဆက်မှု၊ တွက်ချက်မှု၊ cloud၊ AI နှင့် လုပ်ငန်းသုံး application များကို ပေါင်းစပ်သုံးစွဲသွားမည် ဖြစ်သည်။ “၂၀၂၀ ခုနှစ်မှာ 5G ကို ကမ္ဘာအနှံ့ တပ်ဆင်အသုံးပြုလာတာနဲ့ အမျှ ချိတ်ဆက်မှု၊ cloud၊ AI ၊ တွက်ချက်မှုနဲ့ လုပ်ငန်းသုံး application တွေ အားလုံးဟာ တပေါင်းတစည်းတည်းအဖြစ်နဲ့ အာရှပစိဖိတ်ရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အရင်က မရှိခဲ့ဖူးတဲ့ အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်” ဟု Huawei အာရှပစိဖိတ်၏ ဥက္ကဌ Jay Chen က ဆိုသည်။ “ ဒီနည်းပညာနယ်ပယ်ကြီး ငါးရပ်ရဲ့ ပေါင်းစပ်မှုအင်အားဟာ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင် စသည်ဖြင့် ဘယ်လုပ်ငန်းနယ်ပယ်ကို မဆို ပြောင်းလဲပေးမှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အာရှပစိဖိတ်ဒေသအတွက်လည်း တန်ဖိုးသစ်တွေကို ဆောင်ကြဉ်းပေးလာမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။ “အာရှပစိဖိတ်ဟာ ကမ္ဘာမှာ ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး စျေးကွက်တချို့ရဲ့ ဇာတိဒေသဖြစ်ပါတယ်။ ဒီမှာ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနေထိုင်ပြီး ကမ္ဘာအနှံ့ အင်တာနက်အသုံးပြုသူတွေရဲ့ ၅၀% လောက် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသဟာ ကမ္ဘာ့ ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုကို ဦးဆောင်နေရုံတင်မကပါဘူး။ အခုဒီ နည်းပညာသစ်တွေရဲ့ ပေါင်းစပ်မှုအားနဲ့ တဟုန်ထိုး ဆက်လက်တိုးတက်နိုင်တဲ့ အခွင့်အရေးကောင်းလည်း ရှိထားပါတယ်” ဟု Jay က ဆိုသည်။

ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၏ အရေးပါပုံကို အသိအမှတ်ပြုထားသည့် Huawei က အစီအစဉ်များ ဆက်တိုက်ကျင်းပပြီး အာရှပစိဖိတ်ဒေသတွင်း ဂေဟစနစ်တည်ဆောက်ရေးကို ဆက်တိုက် အကောင်အထည် ဖော်ခဲ့သည်။ အာရှပစိဖိတ် Ascend Ecosystem အွန်လိုင်းဖိုရမ်တွင် Huawei က APAC Ascend Partner အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ဆန်းသစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဂေဟစနစ်တစ်ခုကို တည်ဆောက်ရန်ရည်ရွယ်ထားသည့် ယင်းအစီအစဉ်က ISV မိတ်ဖက်ပေါင်း ၁၀၀ ကျော် ရရှိထားပြီး ဒေသတွင်း အဆင့်မြင့်ပညာသင်ကြားရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ စုစုပေါင်း ၂၇ ခုတို့နှင့် သဘောတူညီမှု လက်မှတ်များ ရေးထိုးထားပြီး ဖြစ်သည်။ နည်းပညာ ကနဦးလုပ်ငန်း (startup) များအတွက် Spark အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိပြီး Brilliant Plan အစီအစဉ်ကလည်း အင်တာနက် ကုမ္ပဏီများ၊ ကမ္ဘာ့တယ်လီကွန်းများအတွက် 5G အသုံးပြုမှုများ ရရှိလာစေရန် 5G ဂေဟစနစ် ဆန်းသစ်တီထွင်မှုစင်တာနှင့် ချိတ်ဆက်ပေးသည်။

လုပ်ငန်းခွင်စိန်ခေါ်မှုများကို ဖြေရှင်းရန် Huawei က အာရှပစိဖိတ်ဒေသတွင်း ရှေ့ပြေးစီမံကိန်းများစွာကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။ ယင်းတို့တွင် ICT ပညာရှင်များကို လေ့ကျင့်သင်ကြားပေးရန်နှင့် သင်ကြားမှုဆိုင်ရာ ရင်းမြစ်များကို မျှဝေပေးရန်အတွက် ဖွင့်လှစ်ထားသည့် စင်္ကာပူနိုင်ငံမှ AI အကယ်ဒမီနှင့် မလေးရှားနိုင်ငံမှ Huawei အာဆီယံ အကယ်ဒမီတို့လည်း ပါဝင်သည်။ လက်ရှိအချိန်ထိ Huawei က ဒေသတွင်း ICT အကယ်ဒမီပေါင်း ၁၀၃ ခုထိ ရှိထားပြီး ဖြစ်သည်။ ယင်း အစီအစဉ်များမှ တဆင့် နောက်လာမည့် ငါးနှစ်အတွင်း အာရှပစိဖိတ်ဒေသအတွင်း ICT ကျွမ်းကျင်ပညာရှင် အနည်းဆုံး ၂၀၀,၀၀၀ ဦး ဖန်တီးမွေးထုတ်ပေးသွားမည်ဟု အခမ်းအနားတွင် Jay Chen က ဆိုသည်။

“ဒီနည်းပညာနယ်ပယ်ငါးခုပေါင်းစပ်မှုဟာ Huawei ကိုပဲ အခွင့်အလမ်းသစ်တွေ ဆောင်ကြဉ်းပေးလာမှာ မဟုတ်ပါဘူး။ ICT လုပ်ငန်းနယ်ပယ်တစ်ရပ်လုံးအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးမှာပါ။ မိတ်ဖက်တွေအားလုံးနဲ့ အတူ ဖွံ့ဖြိုးလာပြီး တန်ဖိုးကွင်းဆက်အသစ်ဆီက အကျိုးကျေးဇူးတွေကို အားလုံး ရုတ်သိမ်းနိုင်စေဖို့အတွက် Huawei က မျှော်လင့်ပါတယ်” ဟု Jay Chen က ဆိုသည်။

Source – HUAWEI