Huawei ကနေ တရုတ်နိုင်ငံမှာ EMUI 10.1 Stable Update ကို Device တွေ အကုန်လုံးနီးပါးအတွက် ထုတ်ပေးပြီးပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Global Version EMUI 10.1 ကို အသုံးပြုသူတွေအနေနဲ့ ဘယ်အချိန်မှာ ဘယ် Devices တွေအတွက် ထုတ်ပေးသွားမလဲဆိုတာကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

Huawei ရဲ့ ကြေညာချက်အရတော့ ယခုလကုန်ပိုင်းကနေစတင်ပြီးတော့ အောက်ပါ စမတ်ဖုန်းတွေကို EMUI 10.1 Global Update တဖြည်းဖြည်းပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီနေရာမှာတစ်ခုရှိတာကတော့ Honor ဖုန်းတွေဟာ Magic UI 3.1 အနေနဲ့ Update ရရှိလာမှာဖြစ်ပါတယ်။

Huawei ရဲ့ EMUI 10.1 ဟာ Huawei P40 Series ဖုန်းတွေနဲ့အတူပါဝင်လာခဲ့တာဖြစ်ပြီး Feature အသစ်တွေအများအပြားလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ Feature တွေထဲမှာ Huawei ရဲ့ ကိုယ်ပိုင် MeeTime Video Chat Service ၊ Celia Voice Assistant နဲ့ Huawei Share လိုမျိုး Feature အသစ်တွေအဓိကပါဝင်ခဲ့ပြီး တခြားသော Multi-screen Collaboration Tool တွေ၊ Wallpaper ၊ Theme အသစ်တွေလည်း ပါဝင်လာမယ်လို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု List မှာ မပါဝင်တဲ့ Huawei Device တွေအနေနဲ့ကတော့ မကြာခင်မှာ Huawei ကနေ နောက်ထပ် EMUI 10.1 Update ရရှိလာနိုင်တဲ့ Device တွေကို ထပ်မံကြေညာသွားနိုင်ပါတယ်။

Ref – GSM Arena