တရုတ်နိုင်ငံရဲ့ Tablet စျေးကွက်ဟာ ယခု ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်ဝန်းကျင်မှာ ရောင်းအားကျဆင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း တကမ္ဘာလုံးရဲ့ Tablet ရောင်းအားအများဆုံးအနေနဲ့ နေရာယူထားတဲ့ Apple iPad ရဲ့ စျေးကွက်ကို Huawei ကနေ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး Tablet ရောင်းအားတွေကျဆင်းခဲ့တာက ယခုနှစ်အစောပိုင်းမှာ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံတွင်းမှာ Tablet ထုတ်လုပ်တဲ့စက်ရုံအများအပြားကိုလည်း အချိန်အတော်ကြာပိတ်ထားခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် စုစုပေါင်း ၃၀ ရာခိုင်နှုန်းအထိ ရောင်းကျဆင်းခဲ့ပါတယ်။

IDC Report အရလည်း Tablet စျေးကွက်မှာ Apple ဟာ ယခုနှစ် ပထမ ၃ လပတ်မှာ Apple iPad ရောင်းချရမှုတွေက မနှစ်ကထက် ၄၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး Huawei လိုမျိုး ကုမ္ပဏီတွေကတော့ ရှားရှားပါးပါး မနှစ်ကထက် ရောင်းအား ၄.၃ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုနှစ် ပထမ ၃ လပတ်မှာ Huawei က Tablet စျေးကွက်ရဲ့ ၄၀.၂ ရာခိုင်နှုန်းနဲ့ နံပါတ် (၁) ရာခိုင်နှုန်းကို ရယူထားနိုင်ပြီးတော့ Apple ကတော့ စျေးကွက်ရဲ့ ၃၅.၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာပဲရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple ကနေ iPad Pro 2020 နဲ့ Magic Keyboard လိုမျိုး Product အသစ်တွေကို မိတ်ဆက်ထားတဲ့အပြင် Apple ရဲ့ Product တွေကို အဓိကထုတ်လုပ်နေတဲ့ Foxconn လိုမျိုး စက်ရုံတွေလည်း ပုံမှန်အတိုင်းပြန်လည် လည်ပတ်နေပြီဖြစ်တဲ့အတွက် နောက်လာမယ့် ဒုတိယအကြိမ်မှာတော့ စျေးကွက်ပထမနေရာကို ပြန်လည်ရယူနိုင်ဖို့များနေပါတယ်။

Ref – Gizmo China