HUAWEI ဖုန်းသုံးစွဲများကြားရင်းနှီးပြီးသားဖြစ်သည့် EMUI version အနေနှင့် ယခုအချိန်တွင် EMUI 11 အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် Flagship အမျိုးအစားဖုန်းများဖြစ်သည့် HUAWEI P40 Series ၊ Mate30 Series နှင့် HUAWEI MatePad Pro တို့တွင် စတင် Update ရရှိလာပြီ ဖြစ်ပြီး မကြာမီလပိုင်းအတွင်းအခြားသော Mid-Range နှင့် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်းက ထွက်ရှိခဲ့သည့် Flagship များတွင်ပါရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ EMUI 11 တွင်ပါဝင်လာမည့် ထူးခြားသေသပ်လှပသည့် features များအနက်မှ အချို့ကို ထုတ်နှုတ်ဖော်ပြလိုက်ရပါသည်။

EMUI 11 software update အသစ်ကို လက်ရှိအချိန်တွင်မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများမှ HUAWEI P40 series များ၊ Mate30 Series စမတ်ဖုန်းများနှင့် HUAWEI MatePad Pro တို့တွင် စတင်ရရှိနေခဲ့ပြီးဖြစ်ပါသည်။ EMUI 11 တွင် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ရရှိစေမည့် features သစ်များပါရှိလာမှာဖြစ်ပြီး သိသာထင်ရှားသည့် အချက်များအဖြစ် Windows PC နှင့် ချိတ်ဆက်အသုံးပြုနိုင်မည့် Multi-Screen Collaboration တွင် အဆင့်မြှင့်တင်မှုများ၊ လှပသေသပ်ပြီး ပိုမိုအစီအစဉ်ကျပြီး ကိုယ်နှစ်သက်ရာပုံများကို ကာဗာအဖြစ်ထားရှိနိုင်ဦးမည့် Gallery ပိုင်း အပြင်ဆင်၊ Scan ဖတ်ထားသည့် Document မှတစ်ဆင့် စာသားများကို ဆွဲထုတ်ရယူနိုင်မည့် Notepad features အသစ်၊ လုပ်ငန်းဆောင်တာများကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ပြောင်းလဲလုပ်ဆောင်စေနိုင်မည့် App Bubble feature အသစ်၊ Floating Windows များကို Size အတိုးအလျှော့ ပြုလုပ်နိုင်မည့် Features များ စသည်တို့ပါဝင်လာခဲ့ပါသည်။ ထို့အပြင်လည်း ယခင်စတင်မိတ်ဆက်ကတည်းက လူသိများခဲ့သည့် UI Design ပိုင်းကိုသိသိသာသာ ပြောင်းလဲထားခြင်း၊ Always-on Display ပိုင်းမှာလည်း Theme အသစ်များနှင့် အဆင့်မြှင့်တင်ထားခြင်း စသည်တို့လည်း ပါဝင်လာကြောင်း သိရသည်။

HUAWEI Matebook အမျိူးအစား Laptop နှင့် EMUI 11 အသုံးပြုထားသည့် HUAWEI Smartphones အကြားတွင် ချိတ်ဆက်မှုအပိုင်း (Multi-Screen Collaboration) တွင် တိုးတက်မှုအဖြစ် App သုံးခုအထိ တပြိင်နက် Laptop Screen ပေါ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် မတူညီသည့် Online Shop App များကို Multi-Screen Collaboration မှတစ်ဆင့် တစ်ပြိုင်နက်ဖွင့်ထားချိန်မှာပင် Chat ပြုလုပ်ခြင်း (သို့မဟုတ်) ဗီဒီယိုကြည့်ရှုခြင်း စသည်တို့ကို တစ်ပြိုင်နက် အချိန်ကုန်သက်သာစွာ ပြုလုပ်စေနိုင်မည့် Feature တစ်ခုဖြစ်သည်။

EMUI 11 တွင် ပါရှိလာမည့် Gallery ပိုင်းအတွက် အဓိက ပြောင်းလဲလာသည့် အပိုင်း (၃) ခုရှိပြီး အဓိကအားဖြင့် Albums ပိုင်း၊ Highlights နှင့် Discover ဆိုပြီး ၃မျိုးရှိကြောင်းသိရသည်။ Album ပိုင်းတွင် မိမိစိတ်ကြိုက် Photo Albums များကို စီစဉ်ထားနိုင်ပြီး Album အလိုက်ရှာဖွေရာတွင်ပိုမိုလွယ်ကူလာစေမည့်အပြင် မျက်စိပဒါသဖြစ်ဖွယ်လည်း စီစဉ်ထားနိုင်မည်ဖြစ်သည်။ Highlights အပိုင်းသည် အဓိကအားဖြင့် မိမိရိုက်ကူးထားသည့် အမှတ်တရပုံရိပ်များကို Location အလိုက် ရက်စွဲအလိုက် သီးသန့်ထုတ်နှုတ်ပေးပြီး ဗီဒီယို Vlog ပုံစံဖန်တီးခြင်း၊ Cover ထားရှိခြင်း စသည်တို့ကို ပြုလုပ်လာနိုင်စေမှာဖြစ်သည်။ Discover အပိုင်းတွင်တော့ မိမိပုံအပါအဝင်၊ မိမိ၏ ချစ်ခင်ရသူမိတ်ဆွေများ၊ မိသားစုဝင်များအလိုက် တစ်ဦးတစ်ယောက်ချင်းစီကို ရှာဖွေရာတွင်ဖြစ်စေ၊ မိမိရောက်ရှိခဲ့သည့်ဒေသများအလိုက် ပုံများကို အလွယ်တကူရှာဖွေနိုင်မည့် အပြင်၊ Story များဖန်တီးခြင်း၊ Collage (ပုံတွဲများ) စသည်တို့ကို အလွယ်တကူဖန်တီးနိုင်စေမှာပဲဖြစ်သည်။

နောက်ထပ်အသုံးတည့်စေမည့် Feature တစ်ခုအဖြစ် Scan ဖတ်ထားသည့် Document မှတစ်ဆင့် စာသားများကို ဆွဲထုတ်ရယူနိုင်မည့် Notepad features အသစ်လည်း EMUI 11 တွင်ပါဝင်လာခဲ့ပါသည်။ AI နည်းပညာကို အသုံးပြုထားပြီး Note Features မှတစ်ဆင့် Scan Document feature ကိုရွေးယူပြီး စာရွက်ကို ဓာတ်ပုံရိုက်ကူးကာ အဆိုပါဓာတ်ပုံမှတစ်ဆင့် စာသားများကို ဆွဲထုတ်ပြီး notepad ပေါ်တွင် စိတ်ကြိုက် စာသားများပြင်ဆင်နိုင်မည့် ထူးခြားသည့် feature တစ်ခုဖြစ်ပြီး လက်တွေ့ဘဝအတွက် များစွာအသုံးတည့်ပြီး သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ယူဆောင်လာမှာဖြစ်ပါသည်။ အဆိုပါ Feature အသစ်ကို လက်ရှိအချိန်တွင် အင်္ဂလိပ်ဘာသာ၊ တရုတ်၊ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ဂျပန်၊ ကိုရီးယားနှင့် ရုရှားဘာသာစကား များအတွက်ထောက်ပံ့ပေးထားပါသည်။

EMUI သုံးစွဲသူများအကြားရေပန်းစားပြီးသား Features တစ်ခုဖြစ်သည့် Multi-window ပိုင်းကိုလည်း EMUI 11 တွင် အဓိက အချက်၂ချက်ဖြင့် ပိုမိုကောင်းမွန်သည့် သုံးစွဲမှုအတွေ့အကြုံအတွက် ပြင်ဆင်လာခဲ့ပါသည်။

လုပ်ငန်းဆောင်တာများကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ပြောင်းလဲလုပ်ဆောင်စေနိုင်မည့် App Bubble feature အသစ်၊ Floating Windows များကို Size အတိုးအလျှော့ ပြုလုပ်နိုင်မည့် Features များ တို့ပဲဖြစ်သည်။ App များကို Pop-Up ပုံစံမျိုးဖြင့် အသုံးပြုနိုင်မည့် Multi-Window ပိုင်းလုပ်ဆောင်မှုတွင် ယခုအခါ တစ်ပြိုင်နက်တည်း App ၂ခုသာ အသုံးပြုနိုင်ရာမှ App Bubble Feature အသစ်ကြောင့် Pop-Up ပုံစံအသုံးပြုသည့် App များအကြား လျင်မြန်စွာ ပြောင်းရွှေ့အသုံးပြုနိုင်မှာဖြစ်သည့်အပြင် ဖုန်း Screen ၏ မည်သည့်နေရာကိုမဆို ရွှေ့ပြောင်းနိုင်ခြင်းကြောင့် လွတ်လပ်လွယ်ကူ လျင်မြန်စွာအလုပ်လုပ်နိုင်စေမှာဖြစ်ပါသည်။

မျက်နှာပြင်ကြီးမားသည့် HUAWEI MatePad Pro ကဲ့သို့ တက်ဘလက်များတွင် ပိုမိုအသုံးတည့်လာစေမည့် features ပိုင်းဖြစ်ပြီး၊ အဆိုပါ Floating Windows များကိုလည်း လိုသလို Size အတိုးအလျှော့ ပြုလုပ်စေနိုင်မှာလည်း ဖြစ်သည့်အတွက် Productivity ပိုင်းနှင့် Multi-Tasking ပိုင်းတွင် EMUI 11 အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့် သုံးစွဲမှု အတွေ့အကြုံသစ်ကို ရရှိလာစေမှာလည်းဖြစ်ပါသည်။

EMUI 11 ကို လက်ရှိအချိန်တွင် Mate30 Series ၊ P40 Series တို့တွင်စတင် Update ရရှိနေပြီ ဖြစ်ကြောင်းသိရှိရပြီး အခြား မော်ဒယ်များဖြစ်သည့် HUAWEI P30 Series ၊ Mate 20 Series ၊ Nova 7 ၊ MatePad Pro နှင့် MediaPad M6 စသည့် မော်ဒယ်များအတွက် ၂၀၂၁ ပထမ သုံးလပတ်အတွင်း တရားဝင်ထွက်ရှိလာနိုင်ကြောင်းလည်းသိရသည်။ EMUI 11 တွင် ပါဝင်လာမည့် အခြားသော Features များအကြောင်း အသေးစိပ် ကြည့်ရှုလိုပါက အောက်ပါ website link တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။ https://consumer.huawei.com/en/emui-11/

Source – HUAWEI