Huawei ကနေ စျေးသက်သာတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Enjoy 10e စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Huawei Enjoy 10e စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ 949 Yuan (မြန်မာငွေ ၂ သိန်းအောက်) ပဲကျသင့်မှာဖြစ်ပါတယ်။

Specification တွေအနေနဲ့ကတော့ Huawei Enjoy 10e စမတ်ဖုန်းဟာ 6.3″ ရှိတဲ့ HD+ IPS LCD Display ကို အသုံးပြုထားပြီးတော့ Selfie Camera အတွက် Waterdrop Notch ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ MediaTek Helio P35 Processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ 128GB ပါဝင်မှာဖြစ်ပြီး MicroSD Card လည်း ထပ်စိုက်လို့ရမှာပါ။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ အခု Huawei Enjoy 10e ဖုန်းက သာမန်အဆင့်ပဲရှိမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Dual Camera Setup ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး 13MP f1.8 Primary Sensor နဲ့အတူ 2MP f2.4 Depth Sensor ကိုထည့်သွင်းထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP f2.0 Sensor ကို ထည့်သွင်းထားမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ Huawei Enjoy 10e မှာ ကြီးမားတဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 10W Charging စနစ်ကို အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ Fingerprint Sensor တော့ မပါဝင်ပါဘူး။ Operating System အပိုင်းအတွက် Android 10 ကို အခြေခံထားတဲ့ EMUI 10 ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Huawei ကနေ အဆိုပါ Enjoy 10e စမတ်ဖုန်းကို တရုတ်နိုင်ငံတွင်းမှာ လာမယ့် မတ်လ ၅ ရက်နေ့မတိုင်ခင်အထိ ကြိုတင်ရောင်းချသွားမှာဖြစ်ပြီး RAM 4GB ၊ 64GB Version ကို 999 Yuan (မြန်မာငွေ ၂ သိန်းဝန်းကျင်) ၊ RAM 6GB ၊ 128GB Version ကိုတော့ 1,199 Yuan ( မြန်မာငွေ ၂ သိန်း ၄ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကြိုတင်ရောင်းချမယ့် ကာလအတွင်းမှာ 51 Yuan အထိ Discount ပေးသွားမှာဖြစ်တဲ့အတွက် အနည်းဆုံး 949 Yuan (မြန်မာငွေ ၂ သိန်းအောက်) ပဲကျသင့်မှာပါ။

Ref – Gizmo China