Huawei ရဲ့ စျေးချို စမတ်ဖုန်း ထုတ်ကုန်သစ် Enjoy 20 စီးရီး အတွက် တရားဝင် မိတ်ဆက်ရက်ကို အတည်ပြုလာခဲ့ပါပြီ။ ရက်စွဲကတော့ စက်တင်ဘာ ၃ ရက်နေ့ ဖြစ်ပြီး ရက်ပိုင်းပဲ လိုတော့မှ ကပ်ပြီး အတည်ပြုလာတာ ဖြစ်ပါတယ်။

ဒီမိတ်ဆက်ပွဲမှာ Huawei Enjoy 20 နဲ့ 20 Plus ဖုန်းနှစ်လုံးကို မြင်ရဖို့ ရှိပြီး တရားဝင် ပိုစတာကြောင့် ဒီဖုန်းတွေရဲ့ ပုံစံကိုလည်း သိလာရပါပြီ။ စတုရန်းပုံသဏ္ဍာန် Camera Island ထဲမှာ ကင်မရာ သုံးလေးလုံး ထည့်သွင်းလာတာလည်း Huawei အတွက် အဆန်းမဟုတ်ပါဘူး။ Mate 20 စီးရီးမှာ စတင် သုံးစွဲခဲ့ပြီး Nova 6 SE မှာလည်း ပါဝင်ခဲ့ပါတယ်။

Enjoy 20 Plus ရဲ့ ပုံစံကလည်း မြင်ဖူးတဲ့ ဒီဇိုင်းပဲ ဖြစ်ပြီး Mate 30 Flagship စီးရီးမှာ ပါတဲ့ စက်ဝိုင်းပုံ Camera Module နဲ့ ထွက်လာပေမယ့် LED Flash လည်း ပါဝင်တာကြောင့် သူလည်း Triple-camera ပဲ ဖြစ်မှာပါ။ Huawei ကတော့ 40W အားသွင်းစနစ်နဲ့ 5,000 mAh ဘက္ထရီကို မြင်ရမယ်လို့ ဆိုထားပေမယ့် ဖုန်းနှစ်မျိုးလုံးမှာ ပါမယ်လို့တော့ မပြောခဲ့ပါဘူး။

ဘေးဘက်မှာ Fingerprint Scanner ကို မြင်ရတဲ့ အတွက် ရှေ့ဘက် Screen ဟာ LCD ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါက တရားဝင် သိရသလောက်ဖြစ်ပြီး Leak တွေကတော့ ဒီဖုန်းတွေမှာ Notch မပါတဲ့ 6.63” Full HD+ Panel အပြင် 4,200 mAh ဘက္ထရီနဲ့ 40W အားသွင်းစနစ်တို့ ပါမယ်လို့ ဆိုထားပါတယ်။

Enjoy 20 ရဲ့ Hands-on ပုံရိပ်တွေလည်း ထွက်နေပြီ ဖြစ်ပြီး သူ့မှာ MediaTek MT6853 5G ချစ်ပ်ဆက်ကို အသုံးပြုထားတာ တွေ့ရကာ ဒီချစ်ပ်ဆက်ဟာ Dimensity 600 ဖြစ်မယ်လို့ ထင်ပါတယ်။ အဆိုပါ ပုံတွေထဲမှာ Triple-camera ရဲ့ အချက်အလက်ကိုလည်း ဖော်ပြထားပြီး 13MP + 5MP Ultrawide + 2MP Depth Sensor တို့ ဖြစ်ပါတယ်။ ဆဲလ်ဖီးကင်မရာကတော့ 8MP ဖြစ်မှာပါ။

စျေးနှုန်းကတော့ တရုတ်ယွမ်ငွေ ၁၁၉၉ (မြန်မာငွေ ၂ သိန်း ၃ သောင်းကျော်) ကနေ ၁၅၉၉ (ကျပ် ၃ သိန်း ၁ သောင်း) အတွင်း ကျသင့်မယ်လို့ သတင်းထွက်ထားပါတယ်။ ဒီစျေးနှုန်းက Enjoy 20 စီးရီးကို စျေးအချိုဆုံး 5G စမတ်ဖုန်း ဖြစ်စေမှာပါ။

Ref – GSMArena