Huawei Enjoy 20 Pro 5G ကို ဇွန်လက ကြေညာခဲ့ပြီး Enjoy 20 Series ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Huawei က Enjoy 20 , Enjoy 20s နဲ့ Enjoy 20 Plus တို့ကို ထုတ်လုပ်ရောင်းချဖို့ ရှိနေတယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ အခုတော့ Huawei Enjoy 20 နဲ့ Enjoy 20 Plus ရဲ့ Case ဓါတ်ပုံတွေထွက်ပေါ်လာပါတယ်။

Huawei Enjoy 20

Huawei Enjoy 20 ရဲ့ Case ဓါတ်ပုံအရ အရွယ်သေး Notch ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို လေးထောင့်အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

TENAA က စာရင်းအရ Enjoy 20 မှာ ၆.၆ လက်မ HD+ 20:9 မျက်နှာပြင် ထည့်သွင်းထားပြီး Dimensity 800 or 720 Chipset ပါလာနိုင်ပါတယ်။ 10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး 4/6/8GB RAM နဲ့ 64/128GB Storage Version တွေ ထုတ်လုပ်ထားမှာပါ။ အနောက်ဘက်မှာ 13+5+2MP ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ထည့်သွင်းထားမှာပါ။

Huawei Enjoy 20 Plus

Huawei Enjoy 20 Plus ရဲ့ Case ဓါတ်ပုံအရ Pop-up ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာ ဖြစ်ပြီး Notch မပါတော့ပါဘူး။ အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာတွေနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

၆.၆၃ လက်မ FHD+ မျက်နှာပြင်၊ Kirin 820 Chipset တွေ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main ကင်မရာ ၁ လုံး အပါအဝင် ကင်မရာ ၃ လုံး ထည့်ထားမှာပါ။ 8GB RAM နဲ့ 128GB Storage တွေ ပါလာမှာ ဖြစ်ပြီး 22.5W Fast Charging ပါတဲ့ 4,300mAh ဘက်ထရီ ထောက်ပံ့ထားမှာပါ။

Ref : gizmochina