Huawei ကနေပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံမှာ ကုမ္ပဏီရဲ့ စျေးအသက်သာဆုံး 5G ဖုန်းတစ်လုံးဖြစ်လာတဲ့ Huawei Enjoy Z ကို မိတ်ဆက်သွားခဲ့ပါတယ်။ အခုလည်း Huawei ကနေ နောက်ထပ် စျေးသက်သာတဲ့ 5G ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Enjoy 20 Pro ကို မိတ်ဆက်မယ်ဆိုတာကို အတည်ပြုလိုက်ပါပြီ။

Huawei ရဲ့ Enjoy 20 Pro စမတ်ဖုန်းဟာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး ထုတ်ပြန်လိုက်တဲ့ Teaser ဗီဒီယိုတစ်ခုအရတော့ ဒီဇိုင်းပိုင်းမှာ Huawei Enjoy Z နဲ့ ဆင်တူနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Specs ပိုင်းပဲ အနည်းငယ်ကွာခြားနိုင်မှာဖြစ်ပြီးတော့ တရုတ်နိုင်ငံရဲ့ Offline စျေးကွက်အတွက် အဓိကရည်ရွယ်သွားမယ်လို့ ယူဆရပါတယ်။

Honor Enjoy 20 Pro ဟာ 90Hz Refresh Rate ကို Support ပေးနိုင်တဲ့ IPS LCD Display ၊ MediaTek Dimensity 800 5G Chipset နဲ့ 22.5W Fast Charging ပါဝင်လာမယ့် 4000mAh Battery တွေကို အသုံးပြုလာနိုင်ပါတယ်။ Triple Camera Setup အပြင် Front Selfie Camera ကိုလည်း Teardrop Notch Design နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။

Camera Setup အနေနဲ့ကတော့ 48MP + 8MP + 2MP Camera Sensor တွေကိုအသုံးပြုလာနိုင်ပြီးတော့ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကို အသုံးပြုလာမှာပါ။ Fingerprint Sensor ကိုတော့ ဘေးဘက် Power Button မှာပဲ တပ်ဆင်ထားမှာဖြစ်သလို Dark Blue နဲ့ Light Blue ဆိုပြီး အရောင် ၂ မျိုးနဲ့ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Mid Range 5G စမတ်ဖုန်းတစ်လုံးအနေနဲ့ကတော့ Huawei Enjoy 20 Pro ဖုန်းဟာ အောင်မြင်လာနိုင်ပြီး စျေးနှုန်းအသေးစိတ်ကိုတေ့ာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာပဲ သိရှိရမှာဖြစ်ပါတယ်။

Ref – Gizmo China