Huawei က တရုတ်မှာ တန်ဖိုးနည်း 4G ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Enjoy 20 SE လို့ နာမည်ပေးထားပြီး ၆.၆၇ လက်မ FHD+ LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အထက် အလယ်က Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာတပ်ဆင်ထားပြီး အနောက်ဘက်မှာ 13MP Main , 8MP Ultrawide , 2MP Macro  ကင်မရာ ၃ လုံးကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။

Huawei Enjoy 20 SE မှာ HiSilicon Kirin 710A Chipset မောင်းနှင်ထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု EMUI 10.1 မောင်းနှင်ထားပြီး 22.5W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါတဲ့အတွက် တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် ဘက်ထရီ သက်တမ်းနဲ့ အားသွင်းနှုန်းက မိုက်ပါတယ်။ Dual-SIM, 4G, Single-Band WiFi, Bluetooth 5.1, GNSS (GPS, A-GPS, BeiDou, Galileo, GLONASS), USB Type-C port နဲ့ 3.5mm Headphone Jack စတဲ့ ဆက်သွယ်မှုတွေ ထည့်သွင်းထားပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Wonderful Forest, Magic Night Black နဲ့ Dawn  Gold ၃ ရောင် ထုတ်လုပ်ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 165.65 x 76.88 x 9.26mm နဲ့ အလေးချိန်က ၂၀၆ ဂရမ် ရှိပါတယ်။

Huawei Enjoy 20 SE ရဲ့ 4/128GB ကို ၁,၂၉၉ ယွမ်နဲ့ 8/128GB ကို ၁,၄၉၉ ယွမ် သတ်မှတ်ထားပြီး ၂ သိန်း ၆ သောင်းနဲ့ ၃ သိန်းလောက် တန်ကြေးရှိပါတယ်။ နောက်လ ၈ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး နောက်လ ၁၅ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina