Huawei က Enjoy 60 Series စမတ်ဖုန်းတွေကို ၁ လုံးပြီး ၁ လုံး ကြေညာနေပါတယ်။ Enjoy 60 ကို မတ်လမှာ ကြေညာခဲ့ပြီး ပြီးခဲ့တဲ့လက 7,000mAh Battery ပါတဲ့ Enjoy 60X ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Huawei က Enjoy 60 Pro အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ချပြလိုက်ပြီး Snapdragon 680 Chip မောင်းနှင်ထားပါတယ်။

Enjoy 60 Pro ဟာ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး အနောက်ဘက်နဲ့ ဘေးဘက်က ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာတွေ တပ်ဆင်ထားတဲ့ အရွယ်ကြီး Ring ၂ ခု ပါပါတယ်။ အရှေ့ဘက်မှာ ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် အထက် အလယ်က Punch Hole မှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက အလွန်ပါးလွှာပြီး ဖုန်း ၁ ခုလုံးရဲ့ ဒီဇိုင်းက လှပပါတယ်။

Huawei Enjoy 60 Pro - Snapdragon 680, 50MP camera en 90Hz LCD scherm vanaf $225 | gagadget.com

Huawei Enjoy 60 Pro မှာ 6.8” LCD 2388x1080p မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ပါပါတယ်။ 40W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main , 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ အထူက ၈.၅၅ မီလီမီတာနဲ့ အလေးချိန်က ၁၉၃ ဂရမ် ရှိပြီး Mint Green , Gold Black နဲ့ Galaxy Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Huawei Enjoy 60 Pro အတွက် 8/128GB နဲ့ 8/256GB Version တွေ ထုတ်လုပ်ထားပြီး ၂၂၇ ဒေါ်လာ၊ ၂၅၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

Ref: gizmochina