Huawei က တရုတ်မှာ Enjoy 70s ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.75” IPS LCD Display တပ်ဆင်ထားပြီး အရွယ်သေး Notch ပါပါတယ်။ အနောက်ဘက် ဒီဇိုင်းဟာ စွမ်းရည်မြင့် Pura 70 Series နဲ့ တူပါတယ်။

Huawei announces Enjoy 70S with 6000mAh battery, pre-sale on May 28 - Huawei  Central

Enjoy 70s ရဲ့ Display Resolution က HD+ (1600×720) ရှိပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အသုံးများတဲ့ App တွေကို လျှင်မြန်စွာ ဖွင့်နိုင်တဲ့ Enjoy X Button ပါပါတယ်။

Huawei announces Enjoy 70S with 6000mAh battery, pre-sale on May 28 - Huawei  Central

အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Macro ကင်မရာ တပ်ဆင်ထားပါတယ်။ Software က Harmony OS 4 ဖြစ်ပါတယ်။ Kirin 710A Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ပါပါတယ်။ microSD Card Slot ပါပုံ မရပါဘူး။

Enjoy 70s မှာ အရွယ်ကြီး 6,000mAh Battery ပါလာပြီး 22.5W Fast Charging ထောက်ပံ့ထားပါတယ်။ 128GB နဲ့ 256GB ၂ မျိုး ထုတ်လုပ်ထားပြီး ၁၆၅ ဒေါ်လာနဲ့ ၁၉၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အရောင်တွေ အနေနဲ့ Gold Black, Snow White နဲ့ Ice Blue တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina