Huawei ဟာ ဒီနှစ်မေလမှာ True Wireless နားကြပ် ဖြစ်တဲ့ FreeBuds 3i နားကြပ်ကို ကြေညာခဲ့ပြီး နာမည်အတိုင်းပဲ တတိယမျိုးဆက် TWS နားကြပ် ဖြစ်တဲ့ FreeBuds 3 ရဲ့ မော်ဒယ်ခွဲ ၁ ခု ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Huawei ဟာ အစောပိုင်းမှာ အဖြူရောင်ကို ရောင်းပေးပြီး ဇွန်လကျမှ အနက်ရောင်ကို ရောင်းမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အနက်ရောင် မထွက်လာခဲ့ဘဲ အဖြူရောင်ပဲ ရောင်းပေးခဲ့ပါတယ်။

Huawei FreeBuds 3i TWS earphones with ANC goes official

အခုထွက်လာတဲ့ သတင်းအရ Huawei ဟာ တရုတ်မှာ FreeBuds 3i အနက်ရောင်ကို မကြာခင် ရောင်းချပေးတော့မယ်လို့ သိရပါတယ်။ ၉၉၉ ယွမ်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၂ သိန်းလောက် ကျသင့်နိုင်တဲ့အတွက် ဈေးကတော့ မသေးပါဘူး။

Huawei Freebuds 3i arrive in India for $135 - GSMArena.com news

အဲဒီ နားကြပ်မှာ အရွယ်ကြီး 10mm Dynamic Drivers နဲ့ Active Noise Cancellation စွမ်းရည်အတွက် မိုက်ကရိုဖုန်းများစွာ ထည့်သွင်းထားပါတယ်။ ဖုန်းလက်ခံတာ၊ ဖုန်းချတာ၊ သီချင်း ရပ်တာ၊ ဖွင့်တာလို အလုပ်တွေအတွက် Touch Gesture တွေပါလာပြီး Huawei က နားကြပ်ဟာ သဘာဝကျတဲ့ အသံနဲ့ စွမ်းရည်မြင့် ဘေ့စ် အသံတွေ ထုတ်လုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။

Charging Case ကနေ ထုတ်လိုက်တာနဲ့ နားကြပ်ကို ဖုန်းနဲ့ အလိုလို ချိတ်ဆက်ပေးနိုင်ပြီး Huawei က ၁ ခါအားသွင်းထားရင် ၃ နာရီခွဲကြာ သီချင်းနားထောင်နိုင်တယ်လို့ ပြောပါတယ်။ Charging Case က ဘက်ထရီက ၁၄ နာရီခွဲလောက် ပိုအသုံးခံစေပါတယ်။

Ref : gizmochina