Huawei က တရုတ်မှာ FreeBuds 5i TWS နားကြပ်ကို ကြေညာလိုက်ပြီး ဈေးနှုန်း ချိုသာကာ ကောင်းမွန်တဲ့ Specs တွေ ပါလာပါတယ်။ FreeBuds 5i မှာ 10mm Polymer Composite Audio Drivers ပါလာပြီး အသံထွက်ကောင်းမွန်တဲ့ 20Hz-40kHz Frequency Range ထည့်သွင်းထားပါတယ်။ 42dbs Active Noise Cancellation ပါပါတယ်။

Huawei FreeBuds 5i

Transparency နဲ့ Gaming Mode ထောက်ပံ့ထားပြီး Gaming Mode က ဂိမ်း ကစားရင် Latency ကို အနည်းဆုံးဖြစ်အောင် ကူညီပေးပါတယ်။ နားကြပ် ၁ ခုစီမှာ 55mAh ဘက်ထရီနဲ့ Charging Case မှာ 410mAh ဘက်ထရီ ပါပြီး ANC ပိတ်ထားရင် ၂၈ နာရီနဲ့ ANC ဖွင့်ထားရင် ၁၈.၅ နာရီ အသုံးခံတယ်လို့ Huawei က ပြောပါတယ်။ Case မသုံးဘဲ ANC ပိတ်ထားရင် ၇ နာရီနဲ့ ANC ဖွင့်ထားရင် ၆ နာရီ အသုံးခံပါတယ်။

Huawei FreeBuds 5i review: Hi-Res Certified, Supports Windproof Mode and Dual Device Connection - Qucox

Huawei FreeBuds 5i ကို Wired နဲ့ Wireless Charging နည်းလမ်းတွေနဲ့ အားသွင်းနိုင်ပြီး ကြိုးနဲ့အားသွင်းရင် မိနစ် ၆၀ ကြာမြင့်ပါတယ်။ Wireless Charging နဲ့ ဆိုရင် ၁၁၀ မိနစ် ကြာမှ အားပြည့်ပါတယ်။ နားကြပ်မှာ Bluetooth V5.2 ပါပြီး Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်တဲ့ Dual Device Connection လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။ နားကြပ်မှာ ရေနဲ့ ဖုန်မဝင်အောင် ကာကွယ်နိုင်တဲ့ IP54 စံနှုန်း ပါပါတယ်။

နားကြပ်ရဲ့ အလေးချိန်က ၄.၉ ဂရမ် ဖြစ်ပြီး Charging Case အလေးချိန်က ၃၃.၉ ဂရမ် ဖြစ်ပါတယ်။ Interstellar Black, Island Blue နဲ့ Ceramic White ၃ ရောင် ထုတ်လုပ်ထားပြီး ၈၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina