Huawei က တရုတ်မှာ ထုတ်ကုန် အသစ်တွေကို ကြေညာလိုက်ပြီး Huawei Watch Ultimate Gold Edition က စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် Kirin A2 Chip ပါတဲ့ FreeBuds Pro 3 ကိုလည်း လူတွေ စိတ်ဝင်စားကြပါတယ်။

freebuds 3 Pro

FreeBuds Pro 3 မှာ Active Noise Cancellation (ANC) 3.0 ထည့်သွင်းထားပြီး တစ်ခါအားသွင်းထားရင် ဘက်ထရီ သက်တမ်းက ၃၁ နာရီ ဖြစ်ပါတယ်။ TWS နားကြပ်အသစ်မှာ Device ၂ ခုနဲ့ တစ်ပြိုင်နက်ချိတ်ဆက်နိုင်ပြီး နားထဲမှာ တပ်ဆင်ရင် သက်တောင့်သက်သာရှိအောင် ဖန်တီးထားပါတယ်။

နားကြပ်မှာ Polar Code နည်းပညာ သုံးထားတဲ့ Kirin A2 Chip ထည့်သွင်းထားပြီး Apple AirPods Pro ထက် ၄ ဆမြင့်မားတဲ့ 1.5Mbps Lossless Audio Transmission ထောက်ပံ့ထားပါတယ်။ အဲဒီအတွက် နားကြပ်ဟာ အသံတွေကို ပြတ်တောက်ခြင်း မရှိဘဲ ထုတ်လွှင့်ပေးနိုင်တဲ့အတွက် နားဆင်သူဟာ မူလ အသံ အရည်အသွေးကို ခံစားရမှာပါ။

Huawei FreeBuds Pro 3

အသံအရည်အသွေး ကောင်းလာတဲ့အပြင် FreeBuds Pro 3 မှာ ဆူညံသံကို ဖျောက်ပေးတာ၊ ဘက်ထရီ သက်တမ်းနဲ့ အခြား အစိတ်အပိုင်းတွေ တိုးတက်လာပါတယ်။ နားကြပ်မှာ ဖုန်းပြောနေချိန် ဆူညံသံကို လျှော့ချပေးတဲ့ QuietCall 2.0 ထည့်သွင်းထားတဲ့အတွက် ဆူညံတဲ့ ပတ်ဝန်းကျင်မှာ ဖုန်းပြောရင် ကြည်လင်ပြတ်သားစေပါတယ်။

နားကြပ်ရဲ့ ဘက်ထရီ သက်တမ်းက ၇ နာရီ ဖြစ်ပြီး Charging Case နဲ့ သုံးရင် ၃၀ နာရီအထိ အသုံးခံပါတယ်။ တရုတ်မှာ ၁,၁၉၉ ယွမ် (၁၆၄ ဒေါ်လာ) နဲ့ ရောင်းချပေးလိုက်ပါပြီ။

Ref : gizmochina