နာမည်ကျော် ဝီဘို Leakster ၁ ယောက်က နောက်ထုတ်မယ့် Huawei FreeLace Pro Wireless Headphones ရဲ့ ဓါတ်ပုံ ၂ ပုံကို မျှဝေလိုက်ပြီး ဒီဇိုင်းနဲ့ လုပ်ဆောင်ချက် တချို့ကို သိလာရပါပြီ။ ဘူးအရှေ့ဘက်က ပုံအရ အရင်မျိုးဆက် FreeLace Headphones တွေရဲ့ ဒီဇိုင်းနဲ့ ကွဲပြားချက် တချို့ ပါလာပါတယ်။

ဘူးအနောက်ဘက်မှာ Neck Band က Hardware Controls တွေနဲ့ Gesture Controls တွေကို လေ့လာနိုင်ပါတယ်။ Neck Band မှာ USB-C Charging Port တပ်ဆင်ထားပြီး အဲဒီကနေ တိုက်ရိုက် အားသွင်းနိုင်တာက FreeLace ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက ၁ ခု ဖြစ်ပါတယ်။

ဘူးက တရုတ်စာသားတွေကို Google Translate နဲ့ ဘာသာပြန်ကြည့်တဲ့အခါ Headphones ဟာ သီချင်းနားထောင်တဲ့အခါ  Active Noise Cancellation ကို ထောက်ပံ့မှာ ဖြစ်ပါတယ်။ ဒီလို ထောက်ပံ့ဖို့အတွက် မိုက်ကရိုဖုန်း ၃ လုံး ထည့်သွင်းထားပါတယ်။ မလိုလားအပ်တဲ့ အသံတွေကို ဖျောက်ပေးပြီး အနီးအနားက လူတွေရဲ့ စကားသံတွေကို ကြားရအောင်လည်း ပြုလုပ်ပေးထားပါတယ်။

Driver အရွယ်အစားက 14.2mm ဖြစ်ပြီး Bass နဲ့ အသံအရည်အသွေး ကောင်းမွန်စေပါတယ်။ သီချင်းတွေ တောက်လျှောက် နားထောင်ရင်တောင် ဘက်ထရီ သက်တမ်းက ၂၄ နာရီ ခံပါတယ်။ ၇၉၉ ယွမ်ပဲရှိတဲ့ ဈေးက အကောင်းဆုံး ဖြစ်ပြီး မြန်မာငွေ ၁၆၀,၀၀၀ လောက်ပဲ ရှိမှာပါ။

Ref : gsmarena