Huawei ကနေ နှစ်စဥ်ပြုလုပ်နေကျ Huawei Developer Conference (HDC) 2020 မှာ ကိုယ်ပိုင် HarmonyOS 2.0 ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu ကနေ HarmonyOS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ မိတ်ဆက်သွားမယ်ဆိုတာကိုပါ အတည်ပြုပေးခဲ့ပါတယ်။

အစောပိုင်းတုန်းက Huawei ကနေ HarmonyOS ကို စမတ်ဖုန်းတွေမှာ အသုံးပြုဖို့ကို ငြင်းဆိုနေခဲ့တာဖြစ်ပြီး အခုအချိန်မှ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ဒီဇင်ဘာလမှာ စတင်ပြီးတော့ Developer တွေအတွက် ပထမဆုံး HarmonyOS for Smartphone Beta Version ကို ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဖြစ်နိုင်တာကတော့ Huawei အနေနဲ့အခုလိုမျိုး ဆုံးဖြတ်လိုက်တာက လက်ရှိ US အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့်ဖြစ်ပြီး လာမယ့်နှစ်ကစတင်ပြီးတော့ Android OS ကိုပါ စမတ်ဖုန်းတွေမှာ အစားထိုးဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ်။ အစောပိုင်းတုန်းကတော့ HarmonyOS ဟာ စမတ်ဖုန်းတွေထက် Smart Device တွေအတွက်ပဲ ရည်ရွယ်ထားတာဖြစ်တယ်ဆိုပြီး ပြောကြားနေခဲ့တာဖြစ်ပါတယ်။

Huawei ရဲ့ ပထမဆုံးသော HarmonyOS 2.0 ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေဟာ Flagship ဖုန်းတွေတော့ဖြစ်လာမှာမဟုတ်သေးဘဲ RAM 4GB အောက်ပဲပါဝင်တဲ့ Budget သို့မဟုတ် Mid Range ဖုန်းတွေပဲ ဖြစ်လာဦးမှာပါ။ Huawei ရဲ့ ပြောကြားချက်အရတော့ HarmonyOS ဟာ လာမယ့် အောက်တိုဘာလ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ RAM 4GB အထက်ပါဝင်တဲ့ Device တွေကို Support ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်မှာတော့ iOS နဲ့ Android အပြင် Huawei ရဲ့ HarmonyOS သုံးထားတဲ့စမတ်ဖုန်းကို မြင်တွေ့ရဖို့သေချာသွားပါပြီ။

Ref – Gizmo China