“Connection, Glory, Future” ခေါင်းစဉ်ဖြင့် ၂၀၁၉-၂၀၂၀ Huawei Asia Pacific ICT ပြိုင်ပွဲကို ဗုဒ္ဓဟူးနေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ဒေသဆိုင်ရာဖိုင်နယ်လ်ပွဲစဉ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ Institut Teknologi Bandung (ITB) က Network နှင့် Cloud ဘာသာရပ်နှစ်ခုလုံးကို ချန်ပီယံများအဖြစ် အနိုင်ရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဖိုင်နယ်တွင် အာရှပစိဖိတ် ဒေသကို ကိုယ်စားပြုမည်ဖြစ်သည်။

ယခုနှစ်တွင် အာရှပစိဖိတ်ဒေသရှိ Huawei ICT ပြိုင်ပွဲ၏ Network နှင့် Cloud နည်းပညာဆိုင်ရာ ဘာသာရပ်နှစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ အစရှိသည့် နိုင်ငံခြောက်နိုင်ငံ၏ ICT သင်တန်းကျောင်း ၆၅ ခုမှ သင်တန်းသား ၄၀၅၁ ဦးကို ဖိတ်ခေါ်နိုင်ခဲ့သည်။

Huawei အာရှပစိဖိတ်စီးပွားရေးလုပ်ငန်းအုပ်စု ဥက္ကဋ္ဌ ဖြစ်သူ Tony Cao က “ဒီနေ့နဲ့ မနက်ဖြန်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တွေအတွက် ICT နဲ့ Engineering အရည်အသွေးပြည့်တဲ့ ICT engineering ထူးချွန်သူတွေ‌ မွေးထုတ်နိုင်ဖို့ ကျွန်တော်တို့ရဲ့ စီးပွားရေး မိတ်ဖက်တွေ၊ Customer တွေနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ပူးပေါင်းပြီး ICT Talent Ecosystem ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။” ဟုပြောကြားခဲ့သည်။

ဒေသဆိုင်ရာဖိုင်နယ်တွင် Network နှင့် Cloud ဘာသာရပ်နှစ်ခုလုံးအတွက် ဒေသဆိုင်ရာ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားမှ Institut Teknologi Bandung (ITB)က ချန်ပီယံဖြစ်ခဲ့သည်။ ယခင် Network ချန်ပီယံဖြစ်ခဲ့သည့် University Malaya (UM)က ဒုတိယနေရာမှ ဦးဆောင်နိုင်ခဲ့ပြီး Nanyang Polytechnics (NYP) က တတိယ ရရှိခဲ့သည်။ ဆုရရှိသူအားလုံးသည် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ရှန်ကျန်း၌ကျင်းပမည့် Global Finals သို့ တက်ရောက်နိုင်ကြမည်ဖြစ်သည်။

“ဒီပြိုင်ပွဲဟာ ကျောင်းသားတွေအတွက် အင်မတန် အကူအညီဖြစ်စေမှာပါ။ ကျောင်းသားတွေ အနေနဲ့ cloud computing၊ storage၊ AI (လူလုပ် အသိဉာဏ်) တို့လိုမျိုး အဓိကရ နည်းပညာတွေကို ပိုနားလည်စေနိုင်ပြီး ပိုကြိုးစားလေ့လာဖို့ တွန်းအားတစ်ခုပါပဲ။” ဟု Cloud ပြိုင်ပွဲ အနိုင်ရအဖွဲ့ Institut Teknologi Bandung ၏ နည်းပြဖြစ်သူ Abdul Latif ကပြောကြားခဲ့သည်။

Huawei ICT ပြိုင်ပွဲသည် အစိုးရအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ သင်တန်းတက်ရောက် ကြသူများ၊ စီးပွားရေးလုပ်ငန်းများနှင့်ကျောင်းသား၊ ကျောင်းသူများ၏ ICT ပညာရေးကို အထောက်အကူ ဖြစ်စေနိုင်မည့် ပလက်ဖောင်းတစ်ခု ဖန်တီးပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် နည်းပညာ ပိုင်းနှင့် ပတ်သက်၍ ကျောင်းသား/သူများ ရရှိခဲ့သည့် အောင်မြင်မှုများအတွက် အသိအမှတ်ပြု ဆုချီးမြှင့်သည့် အပြင် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း လမ်းညွှန်ပေးနိုင်သည့် ပြိုင်ပွဲတစ်ခုပင်ဖြစ်သည်။

“ရောဂါတွေ ဖြစ်ပွားနေတဲ့ကြားက ဒီလို အံ့သြစရာကောင်းတဲ့ ပြိုင်ပွဲကို စီစဉ်ပေးခဲ့တဲ့အတွက် Huawei ကို ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲဆိုတာ အနိုင်၊ အရှုံး သက်သက်မဟုတ်ပါဘူး။ အထူးသဖြင့် ဒီလိုခက်ခဲနေတဲ့ အချိန်တွေမှာ အရှုံးမပေးလိုက်ပါနဲ့။ စိတ်အားထက်သန်နေသရွေ့ အောင်မြင်အောင် ဖန်တီးနိုင်ပါသေးတယ်။” ဟု Network ဘာသာရပ်ချန်ပီယံအဖွဲ့မှ ကျောင်းသား Afif Tri Farhan ကပြောကြားခဲ့သည်။

Huawei ICT ပြိုင်ပွဲသည် အာရှပစိဖိတ်ဒေသအတွင်းရှိ ICT အကယ်ဒမီ ကျောင်းပေါင်း ၁၆၀ ကျော်ဖြင့် စတင်ခဲ့သည့် Huawei ICT Academy Program ၏ အစီအစဉ်များအနက်မှ တစ်ခုဖြစ်သည်။

Huawei ICT Academy Program သည် လုပ်ငန်းပိုင်းဆိုင်ရာနှင့် ပညာရေးဆိုင်ရာ ကျောင်းများ၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပြီး ဒေသတွင်း တက္ကသိုလ်များနှင့် ကောလိပ်များ၏ ICT လုပ်ငန်းပိုင်း နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မြှင့်တင်ပေးပြီး အနာဂတ် ဒစ်ဂျစ်တယ်လ် အဆင့်မြင့် ကမ္ဘာကြီးအတွက် အဆင်သင့်ဖြစ်နေသည့် အရည်အသွေးပြည့် ကျွမ်းကျင်သူ ပညာရှင်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

နည်းပညာကုမ္ပဏီ (Huawei) သည် Huawei ICT Academy နှင့် အခြားသော ပရိုဂရမ်များမှတစ်ဆင့် လာမည့်ငါးနှစ်ကျော် ကာလအတွင်း အာရှပစိဖိတ်ဒေသ၌ ICT ပညာရှင်ပေါင်း အနည်းဆုံး ၂၀၀,၀၀၀ ထွက်ပေါ်လာစေရန် ရည်ရွယ်ထားသည်။

Source – HUAWEI