Huawei က MatePad Pro 11” 2024 ကို ကြေညာလိုက်ပါတယ်။ Huawei က အဲဒီ တက်ဘလက်မှာ တရုတ်ရဲ့ Beidou ဂြိုလ်တု ဆက်သွယ်ရေး ထောက်ပံ့ထားတယ်လို့ ပြောပြီး ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ ကမ္ဘာ့ ပထမဆုံး တက်ဘလက် ဖြစ်လာပါတယ်။
ဖုန်းလိုင်း ဆက်သွယ်ရေး မရတဲ့ အခြေအနေတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ကနေ စာပို့နိုင်၊ တည်နေရာကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။
Huawei ရဲ့ ဂြိုလ်တု ဆက်သွယ်ရေး စနစ်မှာ ကမ္ဘာမြေကနေ ၃၆,၀၀၀ ကီလိုမီတာမှာ တည်ရှိတဲ့ ဂြိုလ်တုတွေကို အသုံးပြုထားပါတယ်။ Huawei က တက်ဘလက်မှာ အပို အန်တင်နာတွေ မထည့်သွင်းဘဲ ဂြိုလ်တု ဆက်သွယ်ရေးကို ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ အဲဒီအစား Huawei ဟာ အရည်အသွေးမြင့် Algorithm နဲ့ ထူးခြားဆန်းသစ်တဲ့ ဆက်သွယ်ရေး Protocol အပါအဝင် အဆင့်မြင့် နည်းပညာတွေကို အသုံးပြုထားပါတယ်။
Huawei MatePad Pro 11” ရဲ့ အရှေ့ပိုင်းမှာ Huawei က ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ Device တွေကို ထုတ်လုပ်ရောင်းချထားပါတယ်။ အဲဒါတွေက Huawei P60, Huawei P60 Pro, Mate 50 series, Mate X3, Mate X3 Pro, Mate Xs 2 နဲ့ Nova 11 Ultra တို့ ဖြစ်ပါတယ်။
Huawei ရဲ့ Consumer Business Group မှ CEO Yu Chengdong က ဂြိုလ်တု ဆက်သွယ်ရေးကို နေ့တိုင်း အသုံးပြုဖို့ မလိုပေမယ့် အရေးပေါ် အခြေအနေတွေမှာ အသုံးဝင်မယ်လို့ ပြောပါတယ်။
Ref : gizmochina